Arc 5.20

7K 796 8
                                    

လူသူအရောက်အပေါက်နည်းသော ပင်လယ်ကမ်းစပ် တစ်နေရာ ကနေ ရေအောက်ကမ္ဘာကို ပြန်ဖို့ ရှောင်းကျန့် ရွေးချယ်ခဲ့သည်
နှုတ်ဆက်ရန် လိုက်ပါလာသည့် ပါးပါး Mudက မျက်နှာမကောင်း
Gumကတော့ လုံးဝကို မျက်နှာပျက်ယွင်းနေပြီ
ရှောင်းကျန့် နားလည်ပါသည်
မနေ့ကအမှန်တိုင်း ဝန်ခံ ဒီနေ့ခွဲခွာ ရသည့် အဖြစ်ကိုလည်း Gum လက်မခံနိုင်ဘူးဆိုတာ

ကမ်းစပ်ကို ရောက်တော့ ပါးပါးရှိနေသည်ကိုပင် ဂရုမစိုက် မလွှတ်တမ်း ဖက်ထားတဲ့ Gumကြောင့် ရှောင်းကျန့် ငြိမ်ငြိမ်လေးနေပေးခဲ့သည်
မရေရာတဲ့ အနာဂတ်အတွက်
ဒီအချိန်ခနလေးကို သိမ်းဆည်းပေးချင်တဲ့ ဆန္ဒလေးကြောင့်သာ

ထိုအချိန်မကြားရတာ ကြာပြီဖြစ်တဲ့
Xiao Paingရဲ့ အသံက ရုတ်တရက်ထွက်ပေါ်လာသည်မို့ တစ်ပူပေါ်နှစ်ပူဆင့်ရပြန်သည်

*mission မပြီးမြောက်သေးပါဘူး host *တဲ့

ဒီကိစ္စအတွက်လည်း ရှောင်းကျန့် လျစ်လျူရှုထားတာမဟုတ်ပေ ပါးပါးလွှတ်ပေးတဲ့
ငါးမြီးအမှတ်အသားပါသူများဟာ တစ်ယောက်မှ ရှန့်ရဲ့ အဖေမဟုတ်ခဲ့
ရှောင်းကျန့်ရဲ့ လွယ်ကူရိုးရှင်းတဲ့ မေးခွန်းလေးတစ်ခုနဲ့သာ ရှာဖွေခဲ့တာတောင်
မတွေ့ခဲ့တာ လောကကြီးမှာ ထိုအဖေဆိုတဲ့ လူသားဟာ ရှိမှ ရှိပါသေးရဲ့လား

*mission မပြီးမြောက်ရင် ကမ္ဘာကူးလို့ မရပါဘူး host
real lifeကိုလည်း ပြန်သွားခွင့်မရသေးဘဲ
ကျမတို့လို တာဝန်ခံအဖြစ် systemမှာ တာဝန်ယူပေးရမှာပါ *

*မင်းလည်းငါ့အခက်အခဲအားလုံးကို သိနေတာပဲ xiao paing
တစ်ကူးတက ရှင်းပြစရာလိုသေးလို့လား *

*သိပါတယ် host ဒါပေမယ့် ဒီစည်းမျဥ်းတွေက အထက်ကချပေးထားတာ
ဒါ့အပြင် host mission ကျန့်ကြာရင် ကျန့်ကြာသလောက် ဆုံးရှုံးရတဲ့ တခြားသူတစ်ယောက်လည်း ရှိနေပါသေးတယ် *

*ဘာကိုဆိုလိုတာလဲ xiao paing
ရှင်းရှင်းပြောစမ်း *

*​xiao paing ပြောလို့ရ​သလောက် အကုန်ပြောပြီးပါပီ missionကိုသာ အမြန်ပြီးအောင်လုပ်ဆောင်လိုက်ပါ *

ခန္ဓာရဲ့လိုအပ်ချက်အရ ပင်လယ်ထဲ မဆင်းလို့ မဖြစ်တော့တဲ့ အပြင် mission များပြီးလိုပြီးငြား နောက်ဆုံးမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ရန်
တင်းကြပ်စွာ ဖက်ထားတဲ့ Gum လက်ထဲမှ ရုန်းထွက်ခဲ့ပြီး ပါးပါးMudဆီ
မေးခွန်းတစ်ခုကို မေးဖြစ်ခဲ့သည်
အမှတ်အသားပါသမျှ လူသားတွေထဲ ပါးပါးMudကို ပဲ မမေးဖြစ်ခဲ့တာ

ဆန်းဆန်းကြီး systemWhere stories live. Discover now