Arc 6.12

5.4K 721 38
                                    

"Khun Jollyနဲ့က မိတ်ဆွေရင်းတွေလား "

အိမ်ပြန်လမ်း​တစ်လျှောက် ရှောင်းကျန့်ထံမှ ပထမဦးဆုံး အသံ ထွက်လာခြင်းဖြစ်သည်
Tonကားမောင်းရင်းပင်
pessenger seatမှာ ထိုင်နေသော Plantအား
ကားမှန်မှတဆင့် လှမ်းကြည့်လိုက်သလို
Peterကလည်း သူ့၏မရှည်သောအရပ်ကြောင့် ကပ်လျက်ထိုင်နေသော ပိစိအား
မော့ကြည့်လိုက်သည်
ထို့နောက် Peterထံမှ မကျေနပ်သံလေးက တဆက်တည်း လိုက်ပါလာသည်

" ဘာလို့မေးတာလဲ
ပိစိက အဲ့လူကြီးအကြောင်းစိတ်ဝင်စားလို့လား "

"ကလေးတွေနဲ့ ဆိုင်လား
လူကြီးတွေ စကားပြောမလို့ ငြိမ်ငြိမ်နေ "

ရှောင်းကျန့် သူ့ဘေးက ကလေးပေါက်ကို ယုန်သွားနှစ်ချောင်းထုတ်ပြကာ ငြိမ်ငြိမ်နေဖို့ ခြိမ်းခြောက်လိုက်တယ်
Tonနဲ့ Jollyတို့ရဲ့ ပတ်သက်မှုကို သိရမှ ဖြစ်မယ်

"Ton ကျွန်တော်မေးတာ ​ဖြေအုံးလေ "

ထိုအခါမှ ကားမောင်းနေရင်း အနောက်ကို
တချက်တစ်ချက် အကဲခတ်နေတဲ့ Tonက ဖြေတော့တယ်

"သိတာမကြာသေးပါဘူး
လုပ်ငန်းအရသာ မဟုတ်ရင် Khun Jollyက
ရင်နှီးချင်စရာကောင်းတဲ့လူမျိုး မဟုတ်ဘူး
PLant

ဒါနဲ့ Peterပြောတာ မှန်သလိုပဲ
PLantက Jolly အကြောင်း အရမ်းစိတ်ဝင်စားနေသလားလို့ "

"မဟုတ်တာဗျာ ကျွန်တော်က စပ်စုချင်ရုံပဲကို
ကလေးပေါက် ပေါက်ကရတွေပြောနဲ့
ခုကြည့် အထင်လွဲစရာတွေ ဖြစ်ကုန်ပြီ "

Peterရဲ့ ဆံပင်တွေကိုဖွပစ်လိုက်ရင်းမဟုတ်ကြောင်းငြင်းနေတဲ့ အပင်လူသားလေးဟာ Ton ဘယ်လိုမှ စိတ်မချထားချင်စရာ
အရွယ်မရောက်သေးတဲ့ တူတော်မောင်နဲ့တောင် ရင်းနှီးလွန်းနေတာကိုပင် စိတ်အလိုမကျ
အစက Peterလေးအထီကျန်နေမှာ စိုးရိမ်လို့ မအားတဲ့ကြားက အချိန်လုပြီး
Plantလေးကို ဖန်တီးပျိုးထောင်ပေးခဲ့တာ ဆိုပေမယ့်
ယခုတော့ Peterနဲ့ Plant ကြားမှာ စည်းတစ်ခုခြားပေးချင်နေသည်
အပင်လူသားလေးအား Tonရဲ့ဟာ ဆိုပြီး တံဆိပ်ကပ်ပေးချင်နေမိသည်
ဒါမှ အရွယ်ရောက်လာမယ့် တူလေးဟာလည်း Plantအပေါ်တွယ်ကပ်နေခြင်းမရှိတော့မှာ

ဆန်းဆန်းကြီး systemWhere stories live. Discover now