Arc 1.10

16.4K 1.8K 53
                                    

ရှောင်းကျန့်လည်း သူစီစဥ်ထားတဲ့ အတိုင်း
သူ့ရှေ့က ပန်းကန်းအလွတ်တစ်ခုထဲ စွပ်ပြုတ် ပူပူလေးထည့်ကာ
အရှင်နဲ့ မိဖုရားရန် ကြားလွတ်နေတဲ့ နေရာလေးဆီ တစ်လှမ်းချင်း လျှောက်လှမ်းကာ
မိဖုရားရန်ရှေ့ စားပွဲ​ပေါ် တင်ပေးရင်း

"စိတ်သဘောထားကောင်းတဲ့ မိဖုရားရန်ကို
ကြင်ယာတော်လေးက ဒီစွပ်ပြုတ်လေးနဲ့ ဂုဏ်ပြုပါရစေ "
ဆိုတဲ့ စကား အဆုံးမှာပဲ စွပ်ပြုတ်ပူပူလေး
တွေဟာ မိဖုရားရဲ့ ဂါဝန်ပေါ်ကို သက်ဆင်းကုန်ကြတယ်

ကျေနပ်တယ် ရှောင်းကျန့်လေးသိပ်ကျေနပ်တယ် ဘယ်လိုလဲ မိဖုရားရန်
ဒါက ကြင်ယာတော်ရှောင်းရဲ့ ခေါင်းပေါ် ​အကြမ်းရည်​နဲ့ လောင်းခဲ့တာရဲ့ အကျိုးဆက်ပဲ ကျွန်တော့ရဲ့ ကစားပွဲကို ဝင်ပါပေးတော့မယ်မလား

အသားနာသွားတဲ့ မိဖုရားကလည်းခုချိန်မှာ အရှင်ရော အခြားသူတွေရော ရှိနေတာကိုပါ မေ့ပြီး စိတ်ထားကောင်းတဲ့ မိဖုရားရဲ့ imageကို မေ့ပြီး
သူ့ရှေ့က သူအမြင်ကပ်တဲ့ ကြင်​ယာတော်ရှောင်းပြန်ပြီး နာကျင်စေဖို့သာ စိတ်အားထက်သန်နေတာမို့
လက်ကိုအားကုန်လွှဲလိုက်ပြီး
ကြင်ယာတော်ရှောင်းရဲ့ ပါးဆီသို့သာ အရှိန်ပြင်းပြင်းကျရောက်စေသည်

အခြေအနေတွေကို ကြိုတင်ခန့်မှန်းထားတဲ့
ရှောင်းကျန့်လေးက​လည်း
မိဖုရားရန်ရဲ့ လက်သူ့ပါးပေါ်ရောက်လုဆဲဆဲ အချိန်မှာပဲ လဲကျချင်ယောင်ဆောင်လိုက်တယ်
သူများတွေအမြင်မှာတော့ မိဖုရားရန် ရိုက်လိုက်လို့ လဲကျသွားတာပေါ့
တကယ့်အဖြစ်မှန်ကိုတော့ ကိုယ်နဲ့ မိဖုရားရန်နှစ်ယောက်တည်းသာ သိလိုက်တာမလား

ရိပေါ်ကြင်ယာတော်လေးရောက်လာကတည်းက သူရဲ့အာရုံတွေဟာ ကြင်ယာတော်လေးဆီမှာပဲ ကျရောက်နေတာမို့ ကြင်ယာတော်လေး မိဖုရားရန်ကို တမင် စွပ်ပြုတ်နဲ့လောင်းမှန်းသိလို​က်တယ်
ဒါပေမယ့် ကြင်ယာတော်လေးက အရင်ကိစ္စကိုမကျေနပ်လို့တုံ့ပြန်တာနေမှာဆိုပြီး လွှတ်ထားလိုက်ကာမှ မိဖုရားရန်က သူ့ရဲ့ကြင်ယာတော်လေးကို အသားနာအောင်လုပ်လိုက်တယ်လေ မိဖုရားရန်က မထင်ရဘူး ကြာဖြူလေးလိုဟန်ဆောင်ထားခဲ့တာပဲ
ဝင်မပါချင်ပေမယ့် ကိုယ့်ကြင်ယာတော်လေးကိုထိတဲ့ မိဖုရားရန်ကို တူညီတဲ့ အကျိုးပဲ ပြန်ခံစားစေတယ်
တခြားအရာတော့ ခွင့်လွှတ်ပေမယ့် ကြင်ယာလေးကိုတော့ ထိလို့ဘယ်ရမလဲ

ဆန်းဆန်းကြီး systemWhere stories live. Discover now