Arc 1.6

17.2K 1.8K 22
                                    

ရှောင်းကျန့် အစောကြီး ထထားရတာမို့ လက်လျှောက်ရင်းတောင် ငိုက်နေမိတယ်
ဒါကို အရှင်က တစ်စက်လေးမှ အားမနာဘူး လျှောက်လို့ကောင်းနေတုန်း
​ဒါကြောင့် ရှောင်းကျန့်လေးလည်း ငိုလိုက် လျှောက်လိုက် ပြန်ငိုက်လိုက်နဲ့
အရှင့်နောက်လိုက်နေဆဲ
တစ်နေရာရောက် တော့ ငိုက်ရင်း တစ်စုံတစ်ခုကို ဝင်တိုက်မိတယ်လေ
ငိုက်ပါတယ်ဆို တန်းတန်းမတ်မတ်ဘယ်လျှောက်နိုင်ပါ့မလဲ ရှောင်းကျန့်လည်း သူ့ရှေ့တိုက်မိတဲ့ အရာကို မော့အကြည့်
အရှင်ဖြစ်နေတာမို့
မချိပြုံးလေးပြုံးပြလိုက်ရတယ်
ဒီအရှင်က စိတ်မှန်တာ မဟုတ်ဘူး
တော်ကြာ အပြစ်တွေကောက်ပေးချင်ပေးနေမှာ အဲ့ကျရင် ခံရမယ့် သူက ကိုယ်လေ

"ကိုယ်တော် မယ်မယ့် အဆောင်ဆီ အခစား ဝင်မှာမလို့ ကြင်ယာတော်လေးလိုက်ခဲ့ချင်လား နေခဲ့ချင်လည်း ရတယ် "

မယ်မယ်က သူ့ဆီ မိဖုရားရန်က လွဲရင် တခြားကြင်ယာတော်တွေ မိဖုရားတွေ ခေါ်လာတာမျိုး မနှစ်သက်တာမလို့
ကြင်ယာတော်လေးသဘောကို အရင်မေးရတဲ့ ဒီတိုင်းကြီးလည်း နေခဲ့လို့မပြောချင်ဘူးလေ
ကြင်ယာတော်လေးက ဝင်ချင်တဲ့ ဆန္ဒ ရှိရင်လည်း ခေါ်သွားဖို့ စဥ်းစားထား​တယ်

နေပါအုံး အခုက မယ်မယ်ရဲ့ဆန္ဒထက် ကြင်ယာတော်လေးရဲ့ ဆန္ဒကို ဦးစားပေးနေမိတာလား
မဟုတ်လောက်ပါဘူး အတွေးလွန်နေပြန်ပါပီ
ရိပေါ်ကတော့ ဒီကြင်ယာလေး​နဲ့ ပတ်သက်ရင် ခနခန အတွေးတွေ ဝေဝါးလာတတ်တာမို့ ကိုယ့်ကိုယ်ကိုယ်ပြန် ထိန်းသိမ်းနေရတယ်
ဟုတယ် ကိစ္စတိုင်းကို လိုက်တွေးနေရင် ကိုယ်ပဲ စိတ်ရှုပ်ရမှာ
အဲ့တော့ လိုက်ချင်ရင်ခေါ်သွားမယ် ဘာမှ တွေးမနေတော့ဘူး

ရှောင်းက​ျန့်လည်း မယ်မယ်နဲ့ အသံကြားတာနဲ့ ခေါင်းကို အဆက်မပြတ်ငြိမ့်ပြမိတယ်
သူလိုက်ချင်တယ် မယ်မယ့်ကို မြင်ဖူးချင်တယ် ပြသနာအားလုံးရဲ့ အစဖြစ်တဲ့  မယ်မယ့်ကို အကဲ ခတ်ကြည့်ချင်တယ်

​ရိပေါ်လည်း ကြင်ယာတော်လေးရဲ့ ဆန္ဒ အတိုင်း မယ်မယ့်ရဲ့ အဆောင်ကို အတူ ဝင်လာတော့ အထဲမှာ ပန်းချီရေးဆွဲနေတဲ့မယ်မယ်
အဲ့လိုပဲ မယ်မယ်က အေးအေးဆေးဆေးနေတတ်တဲ့သူ သူဝဝါသနာပါတဲ့ အလုပ်ကို လုပ်ရင်းပဲ အချိန်ကုန်ဆုံးစေတယ် တိုင်းပြည်ရေးရာမှာဆို တစ်စိုးတစ်စိမျှ ဝင်ပါခြင်းမရှိ
ဒါပေမယ့် သူ့ရဲ့ မိခင်တိုင်းပြည်နဲ့ ပတ်သက်လာရင်တော့ ဂရုစိုက်ပေးဖို့တော့ အမြဲတောင်းဆိုတတ်တယ်
လူရှုပ်တာကို မကြိုက်တဲ့ အပြင် လူတွေနဲ့လည်းခင်လွယ်လေ့မရှိတဲ့မယ်မယ်က
သူ့ရဲ့မိဖုရားတွေ ကြင်ယာတော်တွေ ထဲမှာ မိဖုရားရန်နဲ့သာ စကားပြောတယ် ဒါလည်း ရန်နိုင်ငံက ဆွေတော် မျိုးတော်တွေအကြောင်းမေးလေ့ရှိတာပါ အခြားအကြောင်းတော့ မဟုတ်

ဆန်းဆန်းကြီး systemWhere stories live. Discover now