Arc 5.12

7.7K 1K 59
                                    

မနက်ရောက်တော့လည်း မနက်စာစာပြီးမှ ပြန်ဆိုတဲ့ Gumရဲ့ ပါးပါးကြောင့်
ပြသနာကောင်နဲ့ တစ်ဝိုင်းတည်း ထိုင်နေရပြီး
ကျက်သရေတုံးခြင်းအဖြာဖြာနဲ့ ရင်ဆိုင်နေရတယ်
တော်တော် ပြသနာရှာတဲ့ကောင်
Gumမယူချင်တာလည်း မပြောနဲ့
စောစောစီးစီးပြသနာ ရှာနေတာ
စုံတွဲတွေဖြစ်ပြီး တစ်ခန်းတည်း အတူအိပ်ကြတာကို ဘာသံမှ မကြားလို့တဲ့
တကယ်အိမ်ထောင်ဘက်တွေရော ဟုတ်ကြရဲ့လားတဲ့
နဂိုတည်းစိတ်မရှည်တတ်ပါဘူးဆို
ဘာအသံကြားချင်သေးလို့လဲ ဆိုပြီး ခပ်ရွဲ့ရွဲ့ပြန်မေးလိုက်ရ လူကြီးရှိနေလို့သာ

Gumကတော့ ညကတည်းက အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်လို ခပ်ကြောင်ကြောင်လေးဖြစ်နေတာ ခုထိပဲ
မနက်စာစားနေ​တာတောင် အာရုံရှိရဲ့လားပဲ လက်ထဲမှာ ကော်ဖီခွက်အစား ရေနွေးကရားကြီးက နေရာယူလို့

"Gum "

"Gum"

"Gummmm"

အနားနားကပ်ပြီး နာမည်ခေါ်တာတောင်
ပြန်ထူးဖို့မေ့နေတဲ့Gum
လက်ကိုကိုင်ပြီး လှုပ်ခါလိုက်တော့မှ
ကိုယ့်ဘက်လှည့်လာခဲ့တာ
​ဒါပေမယ့် ရှောင်းကျန့်ကံဆိုးပါတယ်
Gumက ရေနွေးကရားကို သတိလက်လွတ်ချလိုက်တော့ ရေနွေးပူပူတို့က
ရှောင်းကျန့်လက်ပေါ် အတားအဆီးမရှိရောက်လာတော့တယ်

"ရှန့်!!! အရမ်းပူသွားလား
ကိုယ့်ကိုပြပါအုံး "

ရှောင်းကျန့် သူ့လက်ကို ဆွဲပြီး တဖူးဖူးမှုပေးနေတဲ့ Gumကို တကယ်နားမလည်နိုင်တော့ဘူး အစောကပဲ သတိလက်လွတ်​ဖြစ်နေတယ် ခုကျတော့ အရမ်းစိုးရိမ်နေပုံနဲ့
Gum တစ်ခုခု ဖြစ်နေတာတော့ သေချာနေပြီ

"နည်းနည်းပူသွားရုံပါ
ရှန့်အဆင်ပြေပါတယ် "

"နေအုံး သားမက်ကလေး ပါးပါး
ဆေးသွားယူပေးမယ် "

ပါးပါး စားပွဲက ထသွားတာနဲ့ အခွင့်ရေးကို ချောင်းနေတဲ့ Jan က
ချက်ချင်းရန်စပါတယ်

"ကိုကိုရာ ဘာတွေ တွေးပြီး စိတ်လွတ်နေလို့ ကိုယ့်ယောက်ျားကို ရေနွေးပူနဲ့ လောင်းရတာလဲ မကျေနပ်လို့များလား "

"Janတော်လိုက်တော့ အကို စိတ်မကြည်ဘူး "

Gumရဲ့ တုံ့ပြန်မှုကြောင့် ရှောင်းကျန့် နာကျင်နေတဲ့ ကြားထဲက ပြုံးလိုက်မိတယ်
မှတ်ပလား ပြသနာကောင်

ဆန်းဆန်းကြီး systemWhere stories live. Discover now