Arc 6.5

6K 867 63
                                    

အမှောင်ထုလွှမ်းသော ညအချိန်အခါနှင့်အပြိုင် Ton နဲ့ Peterတို့ တူဝရီး နှစ်ယောက်၏မျက်နှာလည်း မဲနေခဲ့သည်
အကြောင်းမှာကား တိုးတက်မှုနှုန်းမြန်လွန်းနေသော သူတို့ရဲ့ ပိစိလေးဟာ ၃ပေကျာ် အရွယ်အစားမှ ခြောက်ပေကျော်အရွယ်အစားသို့ နေ့ချင်းကြီးထွားလာခဲ့သည်
ဒါက သူတို့တူဝရီးကို ဝမ်းနည်းစေတာ မဟုတ်
အဓိက အကြောင်းမှာ အရွက်သေးသေးများပါ ပင်စည်ထဲပြန်ဝင်သွားပြီး စင်းလုံးချောသစ်လုံးကြီးပုံစံနှင့် အကိုင်းနှစ်ခုသာ ကျန်ရှိနေခဲ့ခြင်း
ဒီလိုဆို မနက်ကလို အပင်ပိစိရဲ့ စိတ်ဆိုးနေပုံကို နောက်တစ်ခါတွေ့ရဖို့ အခွင့်ရေးမရှိတော့
ဝမ်းနည်းစရာကောင်းလိုက်သည့် ဖြစ်ခြင်း
အပင်လေးစိတ်ဆိုးတာက အရမ်းချစ်ဖို့ကောင်းတာ တစ်ပင်လုံးအရွက်ကလေးတွေ မိုးပေါ်ထောင်ပြီး ခုန်ဆွ ခုန်ဆွလေးကို ဖြစ်လို့
"ငါ့ကို အမှိုက်တွေ ကျွေးရဲတယ် "ဆိုတဲ့ အသံလေးက လည်း မရပ် မနား ထွက်ပေါ်နေသေး

ရယ်စရာဖြစ်ရပ်လေးက ​Ton နဲ့ Peter အတွက် အဖိုးတန်အမှတ်တရလေးတစ်ခုဖြစ်ခဲ့ပေမယ့်
ရှောင်းကျန့်အတွက်တော့ ထိုသို့မဟုတ်
လူစင်စစ်မှ အပင်လူသား ဘဝသို့ ရောက်ရ၍ စိတ်ညစ်နေရတဲ့ကြားထဲ
ဓာတ်မြေသြဇာနဲ့ သက်ရွက်မြေဆွေးတွေပါ အကျွေးခံရသေးတဲ့အတွက် စိတ်အခြေအနေက တော်ရုံဆိုးတာမဟုတ် 
"ငါ့ကို အမှိုက်တွေ ကျွေးရဲတယ် "ဆိုပြီး အော်ဟစ်​ပစ်မိတဲ့အထိ
ဒါတောင် အော်ရုံပဲတတ်နိုင်လို့ အဲ့နှစ်ယောက်ကံကောင်းသွားတာ
မဟုတ်ရင် အိတ်ကိုယ်စီနဲ့ မြေကြီးတွေ သူ့ရှေ့လာချပေးကတည်းက ကန်ထုတ်ပစ်လိုက်ပြီးပြီ

.....

ယခုကမ္ဘာသည် ရှောင်းကျန့်ရောက်ဖူးသမျှ ကမ္ဘာထဲတွင် ပျင်းစရာအကောင်းဆုံး ဖြစ်သည်ဟုသတ်မှတ်ထားသော်လည်း
ထင်သလောက်တော့ မဆိုးပါ အချိန်တိုင်းနီးပါး မြင်ကွင်းထဲ ရောက်လာပြီး ပေါက်ကရလုပ်တတ်တဲ့ 8နှစ် အရွယ် ကလေးပေါက်စနဲ့ 30ဝန်းကျင်အရွယ် လူတစ်ယောက်ရှိသည်လေ စိတ်ထားကောင်းတဲ့ လူသားများဖြစ်ပေမယ့်
ပိစိ​ဆိုသော အခေါ်အဝေါ်ကို ပါးစပ်ဖျားကမချတာတော့ စိတ်ဆိုးချင်သည်​
မူလဇာတ်လမ်းက Plantဆိုတဲ့ အမည်ကို ဘာအချိန်မှာမှ ရမှာပါလိမ့် ဒါမှမဟုတ် ကိုယ်တိုင်လုပ်ယူရမှာများလား

ဆန်းဆန်းကြီး systemWhere stories live. Discover now