Arc 3.8

11K 1.3K 41
                                    

ခါတိုင်းလိုမျိုး အိပ်မက်ထဲမှာ လူ​ကြီး ပေါ်မလာတာကြောင့် ဆူပုတ်နေတဲ့ ရှောင်းကျန့်
စိတ်မကြည်ပါဘူးဆို
စောစောစီးစီးရောက်လာတဲ့ ဧည့်သည်က
အချိုးမပြေ
လက်ဆက်ပြီးရင် နေရမယ့် နေရာကို လိုက်ပြမယ့်အကြောင်းပြောနေတဲ့ ရှီကျင့်
သူ့အကြံအစည်အတိုင်း ဖြစ်လာမယ်လို့
ထင်နေသူ

"မပြင်ဆင်ပဲနဲ့တောင် လှနေလိုက်တာ အချစ်
ပိုင်ဆိုင်ရဖို့ မစောင့်နိုင်တော့ဘူး "

ဒီလို စည်းမရှိတဲ့ အပြောတွေကြောင့် ဒီလူ့ကို ရှောင်းကျန့်လေး စိတ်ပျက်တာ
စကားအသွားအလာကြည့်ရုံနဲ့ လူရှုပ်မှန်း သိနိုင်တယ်

"ဒီမှာ လေနတ်ဘုရား ကျွန်တော့ရှေ့လာပြီး မျက်နှာပြောင် တိုက်ရဲတာလား တခြား​လူတွေကသာ
ခင်များအပြောတွေကို ယုံတာ
ခင်များနဲ့ ကျွန်တော် ဘာမှမပတ်သတ်ဘူးဆိုတာ ကျွန်တော်လည်း အသိ ခင်များလည်း အသိပဲလေ "

"ဘယ်လိုပဲဖြစ်ဖြစ် အချစ်က ကိုယ်နဲ့ပဲ လက်ဆက်ရမှာလေ "

"စောင့်ကြည့်ပါအုံး ရှီကျင့်ခင်မျာ
တကယ်လက်ဆက်ဖြစ်မှ အဲ့ဒီစကားထပ်ပြော ခင်များနဲ့ အမတော်ရဲ့ အကြံအစည်တွေ မပေါ်လာဘူးလို့ ထင်လို့လား "

ရှောင်းကျန့်အပြောမှာ ချက်ချင်းမျက်နှာပျက်သွားသူရှီကျင့် တကယ်ဟုတ်နေတာပဲ
ရှောင်းကျန့် က ဆက်စပ်မိလို့ ထင်သလောက်ပြောလိုက်တာ
မှန်နေပုံပဲ အမူအယာတောင် မထိန်းနိုင်ဘူးဆိုတော့

"အချစ် အထင်လွဲနေပြန်ပါပီ ကိုယ်က အချစ်ကို လိုချင်လို့ ကောင်းကင်မင်းကြီးဆီမှာ တောင်းယူလိုက်ရုံပါပဲ "

ရှောင်းကျန့်လည်းပြန်မပြောချင်တော့
ဒီလူက မျက်နှာပြောင်တိုက်လွန်းတယ်

"ထားလိုက်ပါ အဲ့လိုဆိုတော့လည်း
ခုတော့ ကျွန်တော့ကို ခွင့်ပြုပါအုံး
အရှင်က အခစားဝင်ဖို့ပြောထားလို့ "

"အားလျန် သွားကြမယ် "

ရှောင်းကျန့် ဟိုလူခေါ်တဲ့ နောက်မလိုက်ချင်လို့ အရှင့်ဆီသွားမယ်ပြောရတာ
တကယ်တမ်း သွားရမယ်ဆိုတော့ တမျိုးပဲ
ဘာမှတောင်မပြင်ဆင်ထားပဲ အရှင့်ဆီသွားရမှာ နည်းနည်းတော့ စိတ်မသက်သာ
အရှင့်ရှေ့မှ သပ်ရပ်ကျော့ရှင်းနေမှ ​ဖြစ်မှာ
တွန့်ဆုတ်တွန့်ဆုတ် ​ဖြစ်နေတဲ့ ​​သူ့ကို
ရှီကျင့်ကလက်မောင်းကနေဆွဲပြီး အနည်းငယ်ဒေါသ ဖြစ်နေဟန်

ဆန်းဆန်းကြီး systemWhere stories live. Discover now