Arc 2.12

11.7K 1.3K 51
                                    

ရှောင်းကျန့်လေးနိုးလာတော့ မရင်းနှီးတဲ့ အပြင်အဆင်တွေနဲ့ အခန်းတစ်ခု
​ကားပေါ်က အကြောင်းအရာတွေ ပြန်သတိရတော့ တယောက်ယောက်ရဲ့ အကြံအစည်ဆိုတာ တဖြည်းဖြည်းရိပ်မိလာတယ်
သို့ပေမယ်​့ ရှောင်းကျန့်လေးက မကြောက်ပါဘူး system လေးရှိတာပဲဟာ

သူရောက်နေတဲ့ အခန်းကို သေချာလှည့်ပတ်ကြည့်ပြီးတဲ့နောက် အခန်းအပြင်ကို လည်းစူးစမ်းရမယ်ဆိုတဲ့ အတွေးနဲ့ အခန်းထဲ
အလွယ်တကူပဲ ထွက်လာခဲ့တယ်
ဖမ်းထားတဲ့ သူက သူ့အိမ်ကို အတော်ယုံကြည်ပုံရတယ် တံခါးကိုတောင် လော့မချထားဘူး
ရှောင်းကျန့်လေးရဲ့ လေ့လာချက်အရ
အိမ်ကတော့သာမန်ပါပဲ
လူလည်းတစ်ယောက်မှ မတွေ့ရ
ဟွေ့လူကြီး ဖမ်းထားတုန်းလို့ တံခါးရှေ့မှာ အစောင့်ရှိဖို့နေနေသာသာ
တစ်အိမ်လုံးအနှံ့လျှောက်ပတ်သွားပြီးတာတောင် လူ​နဲ့တူတာမတွေ့
အကြံသမားက ဘယ်လိုပါလိမ့်နော် အဖမ်းခံရတာ စနစ်တကျမရှိလှတော့ ထွက်ပြေးရမယ့် ရှောင်းကျန့်တောင် feel မလာတော့ဘူး

အိမ်လေးက နှစ်ထပ်ဆိုပေမယ့် ကြီးကြီးမားမားတော့မဟုတ် အပေါ်ထပ်ကို သေချာလျှောက်ကြည့်ပြီးသွားပြီမို့ အောက်ထပ်ကိုဆင်းခါတော့လဲ တိတ်ဆိတ်ခြောက်ကပ်နေဆဲ အဖမ်းခံထားရတယ်လို့တောင် မခံစားရတော့ဘူး သူ့အိမ်သူ့ယာလိုပဲ ခြံထဲကို အေးအေးလူလူဆင်းလာတော့မှ
တွေ့ပါပြီ နောက်ကျောပေးထားတဲ့လူတစ်ယောက်
ခြံထဲမှာမှ လူမတွေ့ရင် လူမနေတဲ့ အရပ်ဆိုပြီး သတ်မှတ်မိတော့မှာ

"ဟေ့လူ အဲ့တာဘာလုပ်နေတာလဲ "

ဘာမှမရှိတဲ့ မြေကွက်လပ်တွေကို ကြည့်နေတဲ့ အကြံသမားလို့ ထင်ရတဲ့ လူ
သူ့အသံကြား​တော့မှ နောက်လှည့်ကြည့်လာတဲ့ ဒီလူက Dr ချင်းဖန် သူမှသူအစစ်

"bae နိုးလာပြီလား ​ကောင်းတယ် bae
ကိုယ်နဲ့ အတူ ညနေပွဲ အတွက်နေရာလာကြည့်ပေးပါအုံး "

ဒီနေ့က 7မြောက်တဲ့ နေ့ရောက်ပြီ​မို့ သူ့အစီအစဥ်တိုင်း bae နဲ့ ဒီမှာပဲ လက်ထပ်ပွဲ ကျင်းပမယ် ဒီမှာပဲ သိမ်းပိုက်မယ်
ပွဲအခမ်းအနားနဲ့ ဧည့်သည် တွေအတွက်ကတော့ စိုးရိမ်စရာမရှိ တပည်​့လေးတွေကို မှာထားပြီးသား
အချိန်တန်ရင် သူ့အစီအစဥ်နဲ့ သူရောက်လာကြလိမ့်မယ်
ဟွေ့လန် အတွက်ကတော့ မစိုးရိမ်ပါဘူး
ညီမလေး လက်ထဲရောက်သွားပြီတဲ့
ပြီးတော့ ဟွေ့လန်မှာလည်း သူ့ရဲ့ ပွဲကို ဖျက်နိုင်တဲ့ အင်အားမရှိတော့ စီးပွားရေး အခြေအနေအရရော လူအင်အား အရပါ
ဟွေ့လန်က သူ့ကို မယှဥ်နိုင်အောင် စီစဥ်ခဲ့ပြီးသား

ဆန်းဆန်းကြီး systemWhere stories live. Discover now