Arc 3.4

11.4K 1.4K 86
                                    

ရှောင်းကျန့် လန်ပေါ်လေးကို ပွေ့ချီပြီး
အဆောင်ထဲ ပြန်ခေါ်လာတယ်
လက်ထဲမှာ အငြိမ်မနေဘဲ နှာခေါင်းလေးတရှုံ့ရှုံ့လုပ်နေတဲ့ လန်ပေါ်လေးကို မျက်နှာနားဆွဲယူပြီး

"ဗိုက်ဆာနေတာလား လန်ပေါ် "

ဟုတ်သား သူလန်ပေါ်လေးကို ခေါ်လာကတည်းက ခုထိ ဘာမှ မကျွေးရသေး
လန်ပေါ်လေးခမျာဗိုက်အရမ်းဆာနေပုံ
သူ့မျက်နှာလေးကို တစ်ရှုံ့ရှုံ့နမ်းရင်း အစာတောင်းနေရှာတာ

လန်ပေါ်လေးကို ကျွေးဖို့ အစာလိုက်ရှာနေရင်း အချိန်ကုန်ဆုံးသွားပြီး
အရှင့် ဆီမှာ အစေခံ တစ်ယောက်လောက်တော့ တောင်းရမယ် ဆိုတဲ့ စိတ်ကူးလေး နဲ့ လန်ပေါ်လေးကို ဘေးနားချပြီး အိပ်ပျော်သွားသော ရှောင်းကျန့်
အဲ့နေ့ကလည်း လူကြီးက အိမ်မက်ထဲရောက်လာပြီး သူ့မျက်နှာပေါ် အနမ်းမိုးတွေရွာပေးခဲ့ပြန်ပါတယ်

.
.
.
.
.

ရှောင်းကျန့် လူကြီးကို တွေ့ပြီဆိုတော့ mission အကြောင်း စဥ်းစားရပြန် သည်
မစဥ်းစားလို့လည်းမရ
လေနတ်သားဆိုတဲ့ ဟိုလူက ရောက်လာပြီး နောက်လထဲမှာ မဂ်လာပွဲကျင်းပ မည်တဲ့
မဖြစ်နိုင် လူကြီးက လွဲပီး မယူနိုင်ပါ
လေနတ်ဘုရား လနတ်သမီးက တစ်ခုခုတော့ တစ်ခုခုပင်
လနတ်သမီး ချူးရင်က သူ့အပေါ် သစ္စာဖောက်ပြီး ​ထားခဲ့တဲ့ လေနတ်ဘုရား အပေါ် စိတ်ဆိုးဒေါသထွက် နေရမယ့်အစား
ပြေလည်လွန်းနေကြောင်း သတိထားမိသည်

လေနတ်ဘုရား ရှီကျင့် ရှောင်းကျန့် ဆီ လာတာ နှစ်ကြိမ်
နှစ်ကြိမ်လုံး ခနသာ လနတ်သမီးအဆောင်ကိုသာ ဦးတည်သွားသည်
ဒီကိစ္စ​ကို ရှောင်းကျန့်လေး သေချာစုံစမ်းရမယ်
ရှောင်းကျန့်လေးက သူ့အစီအစဥ်အတိုင်း
လနတ်သမီး အဆောင်မှာ တိတ်တဆိတ်
အကဲ သွားခတ်ရမည်

အပြင်သွားမယ့် ရှောင်းကျန့်က
အရင်တစ်ခေါက်ကလို လန်ပေါ်လေးကို လိုက်မရှာရစေဖို့ အဆောင်ထဲမှာ သေချာ တံခါးပိတ်ထားခဲ့တယ်
ရှောင်းကျန့်လေး ဉာဏ်အလွန်ကောင်း

လနတ်သမီးရဲ့ အဆောင်နားရောက်တော့
တိတ်တဆိတ် အကဲခတ်မယ်ဆိုတဲ့ ရှောင်းကျန့်လေးရဲ့ အစီအစဥ်တွေဟာ
အဆောင်ရှေ့ ခပ်လှမ်းလှမ်းမှာရှိတဲ့
ဧည့်ဆောင်မှာ ရယ်ရယ်မောမော စကားပြောနေကြတဲ့ အရှင်နဲ့ အမတော်​လနတ်သမီးကို မြင်ပြီး ပျက်ပြားသွားတယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now