Arc 3.12

10.7K 1.3K 53
                                    

အားလျန် ခုတလော တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေတဲ့ အချစ်နတ်ဘုရားလေးကို
ကြည့်ပြီး နှစ်ယောက်လုံး အတွက် စိတ်မကောင်းဖြစ်နေရသည်
အစက သခင့် ရဲ့  ကြင်ယာလေးပျော်ဖို့
ရင်အကွဲခံပြီး စွန့်လွှတ်ပေးတဲ့ သခင် ကောင်းကင် အရှင်ကို ကိုယ်တိုင်ပြန်ခေါ်ပြီး နတ်ဆိုးတိုင်းပြည်ပြန်ကာ
အသဲကွဲနေတဲ့ သခင် အတွက်ပဲ စိတ်မကောင်း ဖြစ်ရပေမယ့်
အခုကြင်ယာလေးက ပါ မရွှင်မပြ ဖြစ်နေတော့ နှစ်ယောက်လုံးကို အားမလို အားမရ

သခင် ပျော်စေချင်လို့ ထားခဲ့ တဲ့ ကြင်ယာလေးက တကယ်​တမ်း မပျော်နေဘူးဆိုတာ လိုက်ပြောပြချင်စမ်းပါဘိ
သို့ပေမယ့် အချစ်နတ်ဘုရားဘေး တဖဝါးမှ မခွာဘဲ စောင့်ရှောက်ပေးရမယ့် သခင့်အမိန့်ကို မနာခံလို့မဖြစ်
ကိုယ့်ကို ယုံလို့အပ်သွားသည်မလား

ရှောင်းကျန့်ကိုယ်တိုင်ကလည်း တစ်ခုခုလွဲမှားနေမှန်းသိသည်
လန်ပေါ်လေးနဲ့ အရှင်ကို မစစ်မှန်တော့ဘူးဆိုတဲ့ အတွေးပဲ ခနခနဝင်နေမိတာ
ပုံမှန်ဆို အရှင့် ရင်ခွင်ထဲဝင်မှ မဟုတ် အနားရောက်လာရုံနဲ့ နွေးထွေးမှုကို ခံစားရပေမယ့်
အခုတော့ မဟုတ် အရှင့်ရင်ခွင်ထဲ အတင်းတိုးဝင်တာတောင် နွေးထွေးမှု မခံစားရတဲ့အပြင် စိတ်မသက်မသာပင် ဖြစ်လာရသည်
အခု အရှင်က သူတို့နှစ်ယောက် လက်ဆက်ဖို့ စီစဥ်နေသည် အဲ့အတွက်လည်း မလိုလားတဲ့ ခံစားချက်တွေ ခံစားနေရသည်
ရှောင်းကျန့် ဘာဖြစ်နေတာလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည် အထိပဲ

*Xiao Paing ငါလူကြီးကို မချစ်တော့ဘူးထင်တယ်သိလား
အရင်လို သူလာရင် မပျော်တော့ဘူး
သူဖက်တာလည်းမခံချင်ဘူး
ဟိုနေ့က နမ်းဖို့ ကြိုးစားတော့လည်း ရှောင်လိုက်မိတယ် သိလား
ငါလေ မွန်းကြပ်လာလို့ အရှင့်ကိုထားခဲ့ပြီး ဒီကမ္ဘာက ထွက်သွားချင်တဲ့ အထိပဲ *

*မရပါဘူး host missionပြီးမြောက်ပြီဆိုပေမယ် ကမ္ဘာကူးပြောင်းခွင့်မရသေးပါဘူး
ပြီးတော့ host လူကြီးကို မချစ်တာသေချာလို့လား အရှင့်ကို မချစ်တာ မဟုတ်ဘူးလား *

sorry ပါ host ဒီလောက်ပဲ ပြောပြနိုင်လို့ပါ
အထက်က hostဝေခွဲမရ ဖြစ်နေတာကို ပြောပြလိုက်ရင် hostရဲ့ တာဝန်ခံ ရာထူးက ဖယ်ရှားခံရမယ်တဲ့
xiao paing လေး ရွေးချယ်စရာ မရှိဘူး

ဆန်းဆန်းကြီး systemWhere stories live. Discover now