Arc 6.13

13.2K 923 230
                                    

ရှောင်းကျန့် သူချောင်းနားထောင်သည်ကို
Jolly ဆိုတဲ့လူ မသိစေရန် ပုန်းနေသည့်နေရာမှာ နာရီဝက်လောက် ငြိမ်ငြိမ်လေးနေလိုက်ရသေး​သည် ခြေထောက်လေးများပင် တောင့်လို့ ပြီးမှ Jollyရုံးခန်းသို့ ဟန်မပျက်ဝင်သွားလိုက်သည်
Jollyက သူလာလည်သည်ကို မလိုလားဟန်ပြပေမယ့်
သူချောင်းနားထောင်ခဲ့သည်ကို ရိပ်မိပုံမပေါ်
တော်သေးသည်
ဒီနေ့တော့ ဒီလောက်သိရရင်လုံလောက်ပြီ မလို့ ဒီနေရာမှာ ကြာကြာမနေလိုတော့
နောက်ပြီး Tonကလည်း လျှောက်မသွားဘဲ သူ့အနားမှာ နေဖို့ တဖွဖွပြောနေတာကြောင့်
ဒီနေ့တစ်ရက်တော့ ​သွားပေးလိုက်ပါ့မယ်လေ

"Khun Jolly........ ကျနော် "

"ဟေးးး မင်းးး ဒီကိုနေ့တိုင်းလာနေတာ မပျင်းဘူးလား
ဒါမှမဟုတ် မင်းအတွက် ဒီမှာ အရေးကြီးကိစ္စ ရှိနေလို့များလား "

ရောက်ကြောင်းပြောပြီး ပြန်မလို့ပါဆို
စကားကိုပြီးအောင်နားမထောင်ဘဲ ဇွတ်တွေ သံသယဝင်နေပြန်ပြီ
ကိုယ်တိုင်က မရိုးသားမှတော့ သူများအပေါ် မယုံကြည်တာလည်း မဆန်းပါဘူး

"Khun ကျနော် ဒီနေ့ လာမလည်တော့ဘူးဆိုတာ လာပြောတာပါ
ကျွန်တော့ကို မယုံမကြည်နဲ့
Khunကြောင့်သာ မဟုတ်ရင် ကျနော်လည်း နေ့တိုင်းလာနေမှာမဟုတ်ဘူး
အပြစ်တင်ချင်ရင် ခန့်ညာ​းနေတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက် "

သံသယမှ လွတ်မြောက်ရန် ထင်ချင်ထင်ဆိုပြီးပြောပလိုက်သည်
သိပ်အရေးကြီးတာလည်း မဟုတ်
ပြောချင်ရာ ပြောပြီးတာနဲ့ ချာခနဲ လှည့်ထွက်လာသည်
သံသယအကြည့်တွေအောက်မှာ မနေလို
ကိုယ်တိုင်ကလည်း ဒီလူ့ လျှို့ဝှက်ချက်တွေ စုံစမ်းနေတာဆိုတော့
တွေးစရာများလွန်းသည် ကမ္ဘာကြီးရဲ့ ကယ်တင်ရှင် ဖြစ်လာမယ့်သူက
အပင်လူသားတွေကို ချနင်းတဲ့အပြင် လျှို့ဝှက်ချက်လည်း များလွန်းသည်
နောက်ပြီး သူတို့အချင်းချင်းပြောနေတဲ့ ပရောဂျက်ကြီး ဆိုတာ ဘာပါလိမ့်

"အနှောင့်အသွားမလွတ်တဲ့ စကား​ကိုရွေးပြောသွားတယ် လူလည်ကောင်လေးပဲ
ဉာဏ်များလိုက်တာ
အရည်အသွေးကောင်းတဲ့ အပင်လူသားလေး
ငါ့အတွက်အများကြီးအသုံးဝင်လာအုံးမှာ
ဖမ်းဖို့ မစောင့်ချင်တော့ဘူး
ဒီကောင်လေးသွေးနဲ့သာဆို
အောင်မြင်မှုက လက်တစ်ကမ်းမှာ"

You've reached the end of published parts.

⏰ Last updated: Jun 20, 2021 ⏰

Add this story to your Library to get notified about new parts!

ဆန်းဆန်းကြီး systemWhere stories live. Discover now