Arc 1.2

19.7K 2K 54
                                    

ရိပေါ် ရုတ်တရက်ကြီး စွာလာတဲ့
သူ့ရဲ့ကြင်ယာတော်လေးကို မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လိုက်မိတယ်
ပုံမှန်ဆို သူ့ကို ဘယ်လောက်ခနဲ့ ခနဲ့ ဘယ်လောက်နှိပ်စက် နှိပ်စက်  သည်းခံနိုင်သလောက် သည်းခံပေးတတ်တဲ့သူမျိုးလေ
သူသည်းမခံနိုင်တဲ့ အခါမျိုးကြမှ ​ပြန်တုံ့ပြန်တတ်တဲ့လူမျိုး ဒါတောင် မိဖုရားနဲ့ ကြင်ယာတော်တွေကိုသာ
ကိုယ့်ကိုယ်တော့ မကျေနပ်တတ်တဲ့ အကြည့်မျိုးနဲ့တောင် မကြည့်ခဲ့ဖူးတဲ့ ကြင်ယာတော်လေးက ခုများတော့
တိုင်းပြည်ရဲ့ အရှင်သခင်ကို မင်းအပူပါလားတဲ့ 
ဟက်.... သူတောင် အစွာလေးဖြစ်လာပြီပဲ

"ကြင်ယာတော်လေးက ပြန်တောင်ပြော​ရဲနေပြီလား ရဲတင်းလိုက်တာ
ဒါနဲ့ မင်းရဲ့ ချစ်လှစွာသော ဖခင်ကြီး မကြာခင်လာတွေ့လိမ့်မယ်
သူ့သား နန်းတော်မှာ ဘယ်လောက်ထိ အဆင်ပြေနေလဲဆိုတာလာကြည့်မလို့တဲ့ "

အမြင်ကပ်စရာကောင်းအောင်ပြောနေတဲ့ ဝမ်အရှင်ကို ရှောင်းကျန့် ကန်ကျောက်ပြစ်လိုက်ချင်နေပြီ  အပြင်ထွက်လို့မရလို့သာ
ဒီဘုရင်က အဲ့လိုပဲ သူ့ကို အပြစ်ပေးပြီးတိုင်း
သူ့ရဲ့ဖခင် သမားတော်ကြီးရှောင်းကို
နန်းတွင်းကို အခေါ်လွှတ်လေ့ရှိသည်
အဓိက သူ့ကို နာကြင်စေချင်တာထက် သူရဲ့ ဖခင်ကို စိတ်ဆင်းရဲစေချင်တာ တကယ်​ကို အငြိုးကြီးတာပဲ အရှင်
အပြစ်မရှိတဲ့သူ ထိခိုက်စေတာမသိဘူးလား
အရှင်နော် ဒီထဲက ထွက်ရရင် ရှောင်းကျန့်လေးနဲ့  တွေ့မယ်

*စိတ်လျှော့ပါအုံး host
missionအတိုင်းပဲ လုပ်ရမှာနော်
ဇာတ်​လိုက် ပတ်သက်ပြီး ပြသနာတက်ရင် hostကို ဟောဒီက Xiao Paingလေးက ကူညီနိုင်မှာမဟုတ်ဘူး ရယ် *

*အသာနေစမ်း ခေါ်မှပြော ​အာရုံနောက်အောင်မလုပ်နဲ့ *

*hostကလည်း စေတနာနဲ့ သတိပေးနေတာကို စိတ်ဆိုးပစ်မှာ😒😒*

ရှောင်းကျန့်လည်း ပွစိပွစိပြောနေတဲ့ systemကို လျစ်လျူရှုကာ ရှေ့က ဝမ်အရှင်ကို ပြန်လည်ထိုးနှက်ဖို့ပဲ စဥ်းစားနေတယ်
ရှောင်းကျန့်ဆိုတာ သူလုပ်ချင်တာဆို လုပ်ရမှ ကျေနပ်မယ့်လူမျိုး

"ဟုတ်ကဲ့ပါ အရှင် ပါးပါးလာရင်
ကျွန်တော်ကလည်း အရှင်မတရားသဖြင့်ပေးထားတဲ့ အပြစ်တွေကို သေချာရှင်းပြလိုက်ပါ့မယ်
ကျေနပ်ပြီမလား ပြောစရာကိစ္စ မရှိရင် ဂျောင်းတော့ "

ဆန်းဆန်းကြီး systemWhere stories live. Discover now