Arc 4.15

8.5K 1.1K 63
                                    

" ကိုယ်ဒီနေ့ ကလေးလေးကို ယူမယ်ရလား "

အထိန်းချုပ်ခံရပြီး တတိမြောက်နေ့​တွင်
ယူဂျယ်အင်ရဲ့ တောင်းဆိုလာတဲ့ စကားကို ရှောင်းကျန့်ကောင်းကောင်း သဘောပေါက်သည်
ရိပေါ်ကို စိတ်ဆိုးနေတယ်ဆိုပေမယ့်
မချစ်တော့တာမှမဟုတ်တာ
တခြားတယောက်ကို ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ missionကျ ရှုံးမယ်ဆိုရင်တောင်
ဒီအခြေအနေက ရအောင် ရုန်းထွက်မှာ

*အတွေးတွေ ထိန်းချုပ်ပါအုံး host
mission ရှုံးရင် xiao paing တို့လို
တာဝန်ခံတွေ ဖြစ်လာမှာပါ
ကမ္ဘာအစစ်ကို ပြန်ရောက်ဖို့ အခွင့်အရေးလုံးဝကို နည်းသွားမှာပါ *

*ဒါဆိုxiao paing က လွတ်အောင်ကူ​ညီပေးလေ *

*မရလို့ပါ host
ယူဂျယ်အင်က hostလေးကို အရမ်းချစ်တာပါ hostလေး စိတ်ညစ်ခံမှာမဟုတ်ပါဘူး
သူပျော်ဖို့ထက် hostပျော်ဖို့ကို ဦးစားပေးပါလိမ့်မယ်
ဒီအချက်ကို ကောင်းကောင်း အသုံးချနိုင်ပါစေ host*

ဒီလိုဆိုတော့လည်း ရှောင်းကျန့်လေးတို့ ကိုယ့်အားကိုယ်ကိုးရတော့မယ်

"ကျနော်​တို့တွေက ငယ်သေးတယ်လေ
ဒီကိစ္စကို မလောပါနဲ့
ကျနော့ကို အချိန်နည်းနည်းပေး "

ကလေးလေးပြောတာ အကျိုးအကြောင်းဆီလျော်ပေမယ့် ဒီလိုနဲ့ ဆုံးရှုံးလိုက်ရရင်ဘယ်လိုလုပ်မလဲ
မနက်ဖြန်ဆိုတာမသေချာဘူး
ရတုန်းအပိုင်သိမ်းထားနိုင်မှ

"ကိုယ့်ကိုယ် တမင်အချိန်ဆွဲပြီး
ထွက်ပြေးချင်နေတာမလား
ကိုယ်အဲ့လောက်မတုံးဘူး "

သိပါတယ် ယူဂျယ်အင်​ရယ် တော်မှန်းရော
အကြံအစည်ကြီးမှန်းရော ယုတ်မာတတ်တာရော ကောင်းကောင်းသိပါတယ်

လွယ်လွယ်နဲ့ လက်မခံတော့လည်း မတတ်နိုင်ဘူး နောက်ဆုံးနည်းလမ်း ထုတ်သုံးရတော့မှာပဲ

"ဂျယ်အင်ကလည်း ကျနော်က
18နှစ်တောင် မပြည့်သေးတာကို...."

ဘေးနားမှာထိုင်နေတဲ့ ဂျယ်အင်ကို နှုတ်ခမ်းလေးဆူ နှာခေါင်း​ရှုံ့ကာ ရင်ခွင်​ထဲတိုးဝင်ပြီချွဲတော့ ယူဂျယ်အင်တို့ ခံနိုင်ရိုးလား

ဆန်းဆန်းကြီး systemWhere stories live. Discover now