Arc 5.8

7.8K 1K 222
                                    

"ကျနော်က တကယ် အကူအညီ​လို​လို့
တောင်းမိတာကို Gum က ဒီလိုနည်းနဲ့ သရော်လိုက်တာလား "

မျက်နှာလေးရဲပြီး လက်သီးလေးဆုပ်ကာ
လူကို စူးရဲတဲ့ အကြည့် အေး​စက်စက်အပြောတွေနဲ့ ပြန်လည်တုံ့ပြန်တဲ့ ရှန့်က အတည်ကြီးစိတ်တိုသွားပုံ
သို့ပေမယ့် ဒီအခြေအနေကို Gumလည်း သေချာပေါက်တွေးထားခဲ့တာမို့ အရမ်းကြီးတော့ တုန်လှုပ်မသွားဘူး
သူလေးလည်း ယောက်ျားလေးတစ်ယောက်အနေနဲ့ စိတ်တိုရှာမှာပေါ့

"စိတ်အေးအေးထားပါ ရှန့် ကိုယ်ပြောတာကို
အရင်နားထောင်ပြီးမှ ဆုံးဖြတ်လည်း နောက်မကျသေးပါဘူး
ကိုယ့်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိပါတယ် "

ရှောင်းကျန့် တကယ်စိတ်တိုသွားတာ
မိတ်အဆွေအချင်း​ချင်းပေးတဲ့ အလုပ်တွေ​လည်းကြည့်အုံး အိမ်သာဆေးနဲ့ မန်နေဂျာကတော်တဲ့
မကူညီချင်ရင် အစကတည်းက ရှင်းရှင်းပြောခဲ့သင့်တာ
ခိုင်လုံတဲ့ အကြောင်းပြချက်ဆိုတာလေးတော့ အပျင်းပြေ နားထောင်ကြည့်လိုက်အုံးမယ်
ပေါက်ကရတွေသာဆိုရင်တော့
အိမ်ထဲက ကန်ထုတ်မှာ မိတ်ဆွေဆိုတာလည်း မရှိတော့ဘူး

"ပြောကြည့်လေ ဘယ်လောက်ထိ ခိုင်လုံလဲ ဆိုတာ ဆုံးဖြတ်ပေးမယ်"

ပြောရင်း Gumရှေ့မှာ ချထားပေးတဲ့ ကျင်းကော်လိ အပြာဘူးလေးကို အဖုံးဖွင့်ကာ တစ်ငုံမော့လိုက်တယ် အစကတော့ အလုပ်ပေးမယ့် မိတ်ဆွေကြီးအတွက်ဆိုပေမယ့်
ရာထူးတွေကြားပြီးနောက် စေတနာမရှိတော့ဘူး

"ဒီလိုပါရှန့် ကိုယ့်ပါးပါးက ကိုယ့်​ညီနဲ့ကိုယ့်ကို ပေးစားဖို့ စီစဥ်နေတယ် "

အချိုရည်သောက်ပြီးနောက် စိုအိသွားတဲ့ ရှန့်ရဲ့ နှုတ်ခမ်းသားတွေကို ငေးမောရင်
Gumက သူ့ရဲ့ အခက်အခဲကို ဖွင့်ဟတော့
ရှန့်မျက်ခုံးတို့ တွန့်ချိုးသွားရတယ်

" ညီအစ်ကိုချင်းပေးစားတယ် ဟုတ်လား "

ရှန့်ရဲ့ နားမလည်နိုင်စွာမေးလာတဲ့ မေးခွန်းကြောင့် Gum ကျေနပ်သွားရတယ်
ရှန့်စိတ်ဝင်စားမှုရှိသားပဲ
သူလိုချင်တဲ့ အခြေအနေကို တိုးဝင်လာပေးတယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now