Arc 2.8

12.7K 1.4K 63
                                    

ရှောင်းကျန့် သူ့မျက်စိရှေ့ မှာချထားပေးတဲ့
စာချုပ်ကို ကြည့်လိုက် ဟွေ့လူကြီးရဲ့ မျက်နှာကို မယုံနိုင်ဖွယ် ကြည့်လိုက် နဲ့ တစ်ခုခုကို အသည်း အသန် စဥ်းစားနေရသည်

အခုကိစ္စက လုံးဝကို မဖြစ်သင့်
ဒီကို ဖေးသခင်မကြီးနဲ့ mission အတွက်ရောက်လာခဲ့တာလေ
ခုတော့ ဟွေ့လူကြီး ရဲ့ နိုင်စားတာကို ခံနေရတာတဲ့လား

စာချုပ်က တခြားတော့ မဟုတ် လက်ထပ်စာချုပ်ကြီး
​ဒီစာရွက်ကို အပေါ် လက်မှတ်ထိုးမလား
အရင်​လိုပြန်ပြီး ဖမ်းချုပ်ထားရမလား ရွေးချယ်ခိုင်းနေတဲ့ ဟွေ့လူကြီးက အကြင်နာတရား ကင်းမဲ့ မနေဘူးလား
ဖေးသခင်ကြီးမ သာ ဟွေ့လူကြီး အပေါ် အပြစ် ရှိသလိုခံားနေရတာ ဟွေ့​လူကြီးကတော့ ဖေးသခင်မကြီးကို ခွင့်လွှတ်နိုင်ပုံမပေါ် ဒီစာချုပ်နဲ့ အကြပ်ကိုင်ချင်​ပုံ ရတယ် ဒါ မျိုးတော့ ရှောင်းကျန့်တို့က လက်မခံနိုင်

"ခင်များကြီး အတ္တမကြီးလွန်းဘူးလားဗျာ
နှစ်ခုလုံးကို မရွေးနိုင်ဘူး ဆိုရင်ရော "

အတ္တကြီးတယ် ပြောလည်းခံရမှာပဲ
မင်းကတခြားလူရဲ့ ကောင်လေးဖြစ်နေတဲ့ အပြစ် ကိုယ့်ကို တခြားလူလက်ထဲ ထိုးထည့်ပေးချင်နေတဲ့ ကိုယ့်အပြစ်တွေကျတော့ မမြင်ဘဲကိုး
ချင်းဖန်ကို လက်စားချေဖို့နဲ့ မင်းက ကိုယ့်အပိုင်ဖြစ်ဖို့ ဒီနည်းလမ်းတွေက အကောင်းဆုံးမလား

"မရွေးလို့ မရဘူး ဖေးလျန်
မင်းကိုယ့်အ​ကြောင်းသိပါတယ်
ဒီတစ်ခါကိုယ်ခြိမ်းခြောက်မှာ ဖေးအိမ်တော် စီးပွားရေး မဟုတ်ဘဲ
အိမ်တော် သခင်တွေရဲ့ အသက်ဖြစ်သွားနိုင်တယ် လူနှစ်ယောက်​ကို လက်စဖျောက်ဖို့ ကိုယ့်လို လူမျိုးအတွက် ခက်ခဲ တဲ့ ကိစ္စမဟုတ်ဘူးနော် ဖေးလျန် "

ရှောင်းကျန့်လေးငိုချင်လာပြီ ဒီလူက အရှင်ဖြစ်တယ်ဆိုတာနဲ့ အတ္တကြီးတယ် ဆိုတဲ့ အချက်ကို မေ့သွားခဲ့တာ
အခုလိုအကြပ်ကိုင်တာမျိုး သိပ်ကျွမ်းကျင်တယ်ဆိုတာကို မေ့နေခဲ့တာ
အကျင့်မကောင်းတဲ့ လူကြီး

"ခင်များ ချစ်သူအတွက် စဥ်းစားပါအုံး ဒီနည်းလမ်းက သူ့အပေါ်တရားရဲ့လားးးး "

ဆန်းဆန်းကြီး systemWhere stories live. Discover now