Arc 5.17

5.9K 806 6
                                    

ပါးပါး Mud မှာ အကြောင်းပြချက် မရှိဘဲနဲ့ ရင်သွေးမယူဖို့ မပြောလောက်ဘူး
အဲ့​အကြောင်းပြချက်က ဘာများလဲ
ရှောင်းကျန့်လေးတို့ကလည်း ကလေးကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ယူရမှာ

"တောင်းပန်ပါတယ် ပါးပါး Mud "

"မင်းက ကတိမပေးနိုင်ဘူးဆိုတဲ့ သဘောလား ဒါဆို မင်းတို့နှစ်ယောက်ကို ခွဲမယ့်သူက ငါကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ် "

ဘာလို့လဲ ပါးပါးMudက သူတို့ ရင်သွေးကိစ္စကို အရမ်း sensitive ဖြစ်​နေရတာလဲ
အမှန်ဆို အကြောင်းပြချက်ကောင်းကောင်း ရှိခဲ့ရင်တောင် ခွဲဖို့ ပြောတာထိကတော့ လွန်ဘူးလား
မရဘူးနော် ရိပေါ်က ရှောင်းကျန့်ချစ်သူ
Gumက ရှန့်ရဲ့ ယောက်ျား
ခွဲမယ်ဆိုတဲ့ စကားမျိုး ဘယ်သူပြောပြော လက်မခံနိုင်ဘူး
ပါးပါးMudမပြောနဲ့ systemကဆိုရင်တောင်
လုံးဝမဖြစ်စေရဘူး အရဲစွန့်ပြီး real lifeကို ပြန်သွားပြစ်မှာ
ရှောင်းကျန့် အချစ်က အဲ့သလောက်ထိ ခိုင်မာလွန်းနေခဲ့ပြီ

"ဒီပြသနာကို ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးရအောင် ပါးပါးMud
အကြောင်းရင်းကို ပြောပြပါ"

"မင်းတို့ မျိုးနွယ်တွေ အကြောင်း မင်းတို့အသိဆုံးပါ ရင်သွေးလွယ်ပြီး
မွေးဖွားချိန်ကျတော့ ရေအောက်ပြန်ဆင်းသွားကြရတယ်
ကျန်ခဲ့တဲ့ ​သူတွေကတော့ ပြန်လာနိုး ပြန်လာနိုးနဲ့ စောင့်မျှော်နေရတာ
ကျန်ခဲ့တဲ့ ငါတို့ လူသားတွေကလည်း အသည်းနှလုံးနဲ့ကွ ခံစားတတ်တယ်
ချစ်ရသူကို သေမလောက် လွမ်းရသလို
ရင်​သွေးလေးကို တွေ့ချင်လွန်းလို့လည်း ရူးမတတ်ပဲ
ဒါပေမယ့် မင်းတို့ မျိုးနွယ်တွေကတော့ အသည်းမာလွန်းတယ် ဘယ်လောက်ပဲစောင့်စောင့် ပေါ်မလာခဲ့ပေးဘူး
သားကြီးGumကိုတော့ ဒီ​လိုတွေ မဖြစ်စေချင်ဘူး "

ယောက်ျားရင့်မာကြီး တစ်ယောက်ဖြစ်သည့်တိုင် ကွဲကွာသွားရတဲ့ ချစ်သူအကြောင်း ပြန်ပြောတော့ ပါးပါး Gum မျက်ရည်တွေ ဝဲနေခဲ့တယ် အရမ်းချစ်ခဲ့လို့ ပိုပြီးခံစားရတာ ဖြစ်လိမ့်မယ်
ပါးပါးခံစားချက်တွေကို  နားလည်ပေးနိုင်ပါတယ် ဘယ်သူကမှ ချစ်တဲ့သူနဲ့ မခွဲချင်ကြဘူးလေ
ရှောင်းကျန့်ကိုယ်တိုင်လည်း Gumနဲ့ မဝေးနိုင်ဘူး ခက်တာက ရေသူမျိုးနွယ် မွေးဖွား​ခြင်းအကြောင်း ကြိုမသိခဲ့တာပဲ
ဒီလိုဆိုရင်တော့ အထက်ပုဂ္ဂိုလ် ရာထူးကို မဖြစ်မနေလုယူမှ ရတော့မယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now