Arc 4.9

10.5K 1.3K 86
                                    

ယူဂျယ်အင် တစ်ယောက်တည်းသီသန့်နေတဲ့ ကွန်ဒိုမှာ စိတ်ကြိုက်သောင်းကျန်းထားလို့ တစ်ခန်းလုံးရစရာမရှိ
မိဘတွေနဲ့ အိမ်တော်တစ်ခု​ထဲမှာ မနေလို့သာ တော်တော့သည်
အသက်ငယ်လို့ အပြင်မှာ နေခွင့်မပေးတဲ့ကြားထဲက ကွန်ဒိုတစ်ခုဝယ်ထားတာ
အခုအခြေအနေအတွက် အရမ်းကိုသင့်တော်သည်

ထိန်းချုပ်မရတဲ့ ဒေါသတွေက တိုက်ခန်းအတွင်း ပရိဘောဂတွေ​သာမက အလှဆင်ပန်းအိုးတွေ TV ဖန်သားတွေကိုပါ မွစာကျဲသွားစေသည်
ဒါတောင်စိတ်မ​​ပြေသေး သေချာစီစဥ်ထားတဲ့
ချာဆူမင်ကို ထိခိုက်ဖို့ အစီအစဥ် မအောင်မြင်လို့ဆိုတာထက်
ချစ်ရတဲ့ အသည်းအသက်ကလေးက
သူ့မျက်စိရှေ့မှာတင် တခြားလူကို ကာကွယ်ဖို့ အထိအခိုက်ခံတာက သူ့စိတ်ကို အထိန်းအချုပ်​မဲ့စေခြင်း
တ​စ်ညနေလုံး ချင်းဟွာ uniထဲမှာ အချိန်ဖြုန်းခဲ့တာ ဒီလို မြင်ကွင်းမျိုးကို ကြည့်ရဖို့ မဟုတ်
ချစ်ရသူလေးအတွက် အရမ်းစိတ်ပူနေပေမယ့် ဘာလုပ်ပေးလို့ ပေးရမှန်းလည်းမသိ
တခြားလူ ရင်ခွင်ထဲပါသွားသူလေး
မကျေနပ်ပေမယ့် သွားပြောလို့မရတဲ့ အခြေအနေမလို့ လှည့်ပြန်ခဲ့ရတာ
ချာဆူမင်က ယွန်းဆန်းအတွက် ဘယ်လောက်အရေးပါလို့ ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံခဲ့ရတာလဲ
ဒီလိုဆို ချာဆူမင်က အကို ဂျယ်မင်းရဲ့ ပြိုင်ဖက်တင်မဟုတ်ဘဲ
ကျနော့ရဲ့ ရန်သူပါ ဖြစ်လာတော့မယ်ထင်တယ်
ချာဆူမင်က ဘယ်လောက်ပဲ အရေးပါတဲ့ အိမ်တော်သခင်လေး ဖြစ်နေပါစေ
ယူဂျယ်အင်ရဲ့ အချစ်ကလေးကိုတော့
လုယူလို့ မရဘူးလေ

.
.
.
.
.
.

ရှောင်းကျန့် ဆေးရုံရောက်တော့
အသေအချာ ဆေးထည့်ပေးနေတဲ့ ဆရာဝန်အပေါ် အာရုံမရောက်ဘဲ
လက်လေးကိုင်ထားပေးကာ
မနာအောင် စကားတဖွဖွပြောပေးနေတဲ့ အကို ဆူမင် တနည်းအားဖြင့် ချစ်သူလေးရိပေါ်ကို
ကြည့်ပြီးအရာအားလုံးကို နာလည်သွားခဲ့ပြီ
အသားနာမှာ သိပ်ကြောက်တဲ့ ရှောင်းကျန့်လေးဟာ အကိုဆူမင်ဆီ တည့်တည့်လာတဲ့
​ဆိုင်ကယ်ရှေ့ ကိုယ်စားဝင်ခံရဲတာဟာ
အချစ်ကြောင့်ပါလားဆိုတာကို
အကိုဆူမင်ရဲ့ ရင်ခွင်ထဲ ရောက်ပြီးနောက် နားလည်သွားခဲ့တာ
ဆိုင်ကယ်နဲ့ ပွတ်ဆွဲမိတာ နာပေမယ်​့
တကယ်တန်ပါသည်
အကို ဆူမင်က ရိပေါ် မှန်း သိလိုက်ရတယ်လေ

ဆန်းဆန်းကြီး systemWhere stories live. Discover now