Arc 2.1

19.6K 1.7K 100
                                    

*ဒီကမ္ဘာအတွက် mission က အောင်မြင်သွားပါပြီ
hostဆန္ဒ ရှိရင် ဒီကမ္ဘာမှာ ဆက်နေချင်လို့ရသလို နောက်ကမ္ဘာ​တစ်ခုပြောင်းပြီး mission အသစ်ကို လုပ်ဆောင်ချင်လည်းရပါတယ် *

*mission အသစ်​ပြောင်းမယ်*

ဆုံးဖြတ်ချက်တွေ ပြတ်သားလွန်းတဲ့ host
system တောင်အံသြရသည် ဒီကမ္ဘာက အရှင့်အပေါ် နည်းနည်းလေးတောင် သံယောဇဥ်မရှိဘူးလားပဲ

*host အရှင့်ကို မသနားဘူလားဟင် တစ်ယောက်တည်း ပစ်ထားခဲ့တော့မှာပေါ့*

systemလေးက hostကို ocချင်တာက သက်သက် အရှင့်ကိုတော့သနားလေသည်
အရှင်က hostလေးကို သိပ်ချစ်ရှာတာ

ရှောင်းကျန့်လည်း အရှင့်ကို မသနား၍တော့မဟုတ် ကိုယ့်အပူ ကိုယ်ပဲ သိသည် ဒီကမ္ဘာမှာ ဆက်နေရင် အရှင်ရဲ့အသားယူပုံနဲ့ဆို ရှောင်းကျန့်လေး သေချာပေါက် ပြန်ချစ်မိသွားနိုင်တယ် သူ့ရဲ့အချစ်တွေကိုတော့ အတုယောင်ကမ္ဘာတွေမှာတော့ မဖြစ်တည်လို
အရှင်က ဒီကမ္ဘာပြီးရင် ပြီးသွားပြီ ဆိုပေမယ့်
ကိုယ်ကတော့ နောက်ကမ္ဘာတွေမှာ missionဆက်လုပ်ရမယ့်သူ ချစ်မိသွားတော့မှ မမေ့နိုင်ပြန်ပြီး​လွမ်းဆွတ်နေရမယ့် ကိုယ့်အပူကိုယ် မရှာ​ချင်
မီးဆိုတာ မလောင်ခင်တားရမယ်

*mission ပြောင်းမယ် ကြားရဲ့လား Xiao Paing *

*ဟုတ်ကဲ့ ကြားပါတယ် host ကလည်း *

hostက အရှင့်ကို ချစ်မိမှာကြောက်နေတာပဲ
မကြောက်ပါနဲ့ host
ဒီကမ္ဘာမှာမဟုတ်ရင်တောင်
တခြားကမ္ဘာတစ်ခုခုကျရင်တော့
host ချစ်တတ်လာမှာပါ

*host ready နော် ကမ္ဘာအသစ်ကို စတင် ဖို့ hostရဲ့ မျက်လုံးလေးတွေ အရင်မှိတ်လိုက်ပါ *

*ဟဲ့ Xiao Paing ပေါက်ကရတွေမပြောနဲ့ ဖွင့်မထားတဲ့မျက်လုံးကို ဘယ်လိုမှိတ်ရမလဲ *

ဟုတ်သည်လေ အခုသူက အရှင့်ရဲ့ ရင်ခွင်ထဲမှာအိပ်စက် အနားယူနေချိန် ပြသနာတွေ အားလုံးအ​ပြီး အရှင်က ကြင်ယာတော်လေးကို စိတ်မချတာမို့
သူ့အိပ်ဆောင်မှာ အတူအိပ်စက်ခိုင်းသည်လေ သူချစ်ရတဲ့ကလေးကို မိဖုရားအရာ တရားဝင်တင်မြောက်ပြီးမှသာ ထိပါ့မယ်ဆိုတဲ့ ကတိအထပ်ထပ်တွေနဲ့ပေါ့
စိတ်မကောင်းပါဘူးအရှင် အနှောက်အယှက်တွေမရှိတော့တဲ့ အချိန်မှာမှ ချစ်ရသူက အိပ်စက်ရင်းကံကုန်သွားတယ်ဆိုတဲ့ အဖြစ်ကို အရှင်တော့ရင်နာနေတော့မှာပဲ
မရည်ရွယ်ပေမယ့်လည်း အရင်က အရှင် ကြင်ယာတော်ရှောင်းအပေါ်ပြုခဲ့မိတဲ့အပြစ်တွေအတွက် ဒဏ်ခတ်ခံရတယ်လို့ပဲ ဖြည့်တွေးလိုက်ပါ

ဆန်းဆန်းကြီး systemWhere stories live. Discover now