Arc 3.14

11.4K 1.4K 94
                                    

ရှောင်းကျန့်ခေါင်းထဲ တဖြည်းဖြည်းပေါ်လာတဲ့ ဒီကမ္ဘာကို ​ရောက်ကတည်းက အရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ
ပထမဆုံးတွေ့ဆုံမှုမှာတင် လျစ်လျူရှုတာခံခဲ့ရတဲ့အပြင်
အရှင့်ရဲ့ စိမ်းသက်တဲ့ အကြည့်တွေ မရင်းနှီးတဲ့ အငွေ့အသက်တွေ
ပထမဆုံးတွေ့ဆုံမှုက လူကြီးနဲ့ ရုပ်တူတာကလွဲလို့ လူကြီးနဲ့ ပတ်သက်တာတွေ ဘာမှမခံစားမိခဲ့ သို့ပေမယ့် ကြာကန်မှာ ကျန်ခဲ့တဲ့ အရှင်က အဆောင်မှာ ကြိုရောက်နှင့်နေပြီး နွေးထွေးမှုအပြည့်နဲ့ ပွေ့ဖက်ပေးခဲ့ပြီး လူကြီးရဲ့ အငွေ့အသက်တွေကို ခံစားရစေခဲ့တာ

ဒါဆို အခုလက်ရှိ တွေ့နေရတဲ့ အရှင်က လူကြီး မဟုတ်ဘူးပေါ့
အရှင့်ညီတော်ကသာ လူကြီးဖြစ်နိုင်တာ
ဒါကရှောင်းကျန့်ရဲ့ အမှားသက်သက်ပဲ လူနှစ်ယောက်လို့ မတွေးခဲ့မိဘူး

အရှင့်ညီတော်က လူကြီးဆိုတာ အတည်ပြုဖို့လိုတယ်
အားလျန်ဆိုရင် ဒီအကြောင်းတွေ သေချာသိနိုင်မလား
ရှောင်းကျန့် အရှင့်ကိုတစ်ယောက်တည်းထားခဲ့ပြီး အဆောင်တော်ဆီ
ထပြန်ခဲ့တယ် အားလျန်က လူကြီးကိုယ်တိုင် ထားပေးခဲ့တဲ့ အစေခံ

လီဟွမ် ရုတ်တရက်ကြီး ထထွက်သွားတဲ့ ရင်းချန် ကြောင့် အူကြောင်ကြောင်နဲ့သာ ကျန်ခဲ့ရတယ် အခုလို ထထွက်သွားတာ ဘာအဓိပ္ပါယ် လည်း စဥ်းစားလို့မရ
ညီတော်ရဲ့ တိုင်းပြည်ကပြန်ရောက်လာတည်းက ရင်းချန် သူ့အပေါ် အရင်လိုမဟုတ်
သူ့အထိအတွေ့တွေကို လက်ခံတာလိုလိုနဲ့ အမြဲ ရှောင်ဖယ်နေခဲ့တာ
ဒီတိုင်းဆို ရင်းချန်က ကိုယ့်ကိုယ် စိတ်ကောက်နေတာမဟုတ်ဘဲ စိတ်ထဲမရှိတော့တာများလား
နောက်ဆုံးတော့ လီဟွမ်သူကိုယ်တိုင် စီစဥ်ထားတဲ့ စားသောက်ပွဲထဲက သေရည်ကို တစ်ယောက်တည်း အထီးကျန်စွာ သောက်နေရတယ် ရင်းချန် ကိုယ်က မင်းနဲ့ ရေစက်ကို မပါတာဖြစ်မယ်

ရှောင်းကျန့် အမြန်နှုန်းနဲ့ အဆောင်ကို အပြေးပြန်လာခဲ့တယ် အားလျန်ကို တွေ့ရရင် အားလုံးရှင်းပြီမို့
ဒီတစ်ခါတော့ ကံကြမ္မာက ရှောင်းကျန့်ဘက်ပါတယ် ​အဆောင်တော်ရှေ့က မက်မွန်ပင် အောက်လေးမှာယုန်မဲလေးကို ချီပြီး
ထိုင်နေတဲ့ အားလျန်ကို ချက်ချင်းတွေ့လိုက်ရတယ်
ရှောင်းကျန့် အမောတောင်မဖြေပဲ အားလျန်ရဲ့ ပုခုံးကိုကိုင်ကာ
အမောတကောမေးလိုက်တာက

ဆန်းဆန်းကြီး systemWhere stories live. Discover now