Arc 4.4

11K 1.2K 63
                                    

ရှောင်းကျန့်လေး အနေနဲ့ ဒီနေ့အတွက်တော့ အကျိုးရှိသွားပြီ တွေ့ရမယ့် ဇာတ်လိုက်နဲ့လည်းတွေ့ခဲ့သလို
mission အောင်ဖို့ အတွက်နည်းလမ်းတစ်ခုလည်း တွေ့ခဲ့ပြီ
ချွဲယွန်းဆန်းပြောသလို တရာသောနည်းလမ်းဖြစ်ဖို့ ပြိုင်ပွဲတွေ တော့လိုအပ်တယ်
ဒါဆို ချာဆူမင်နဲ့ ယူဂျယ်မင်း ဘာတွေ ပြိုင်တတ်လဲ အရင်လေ့လာရမယ် သိပ်တော့
ခက်ခဲတဲ့ အလုပ်မဟုတ်
guide မမ ကင်ဆောလီရှိတယ် သူ့ရဲ့ crushနဲ့ အနာဂတ်ချစ်သူအကြောင်းတော့ ကောင်းကောင်းသိလောက်မှာပါ မေးလိုက်ရုံပဲ

ဒါကြောင့်မို့ ရှောင်းကျန့်လေးတက်တက်ကြွကြွစာသင်ဖို့ စာကြည့်ခန်းထဲ အစောကြီးရောက်နေတာ
အဒေါ်ကတောင် အခုတလောလိမ္မာလာလို့ဆိုပြီး ချီးကျူးနေသေးတာ

"ကလေး စောင့်နေတာ ကြာပြီဆို
အမနောက်ကျသွားတဲ့ အတွက် sorry နော် "

လာပြန်ပြီ ကလေး ကလေးနဲ့ ရှောင်းကျန့်လေး စိတ်လေပါတယ်
ဒါပေမယ့် အရေးကြီးတာ အရင်မေးရအုံးမယ်

"ရပါတယ်အမရဲ့ အဲ့အတွက် တစ်ခုခုနဲ့
ပြန်လျော် ပေးလို့ရတာပဲဟာ "

"ဘယ်လိုလျော်ပေးရမှာလဲ အချိန်အစားထိုး သင်ပေးရမလား"

"အဲ့လောက်ထိမလိုပါဘူး
ကျနော်မေးတာလေးတွေ ဖြေပေးရုံပဲ "

"ဘာများလဲ ကလေးရဲ့"

"ယူဂျယ်မင်းဆိုတဲ့ အကိုကြီးကို သိလား "

ဒီကလေး သူတို့uniက အကြောင်းတွေသိပ်စိတ်ဝင်စားနေတာပဲ ယူဂျယ်မင်းကိုတော့ သေချာပေါက်သိတာပေါ့
သူတို့major Kingပဲဟာ

"ကလေး အသိလား "

"ဟုတ်တယ်လို့လည်းပြောလို့ရပါတယ်
အဲ့အစ်ကိုကြီးနဲ့ အမရဲ့ crush ကပြိုင်ဘက်တွေဆို"

"အမရဲ့ crush"

"ချာဆူမင်လေ "

အာ...ဟုတ်သား the whole kingကြီးကို crushလို့ပြောမိထားတာပဲ
ပြီးတော့ ချာဆူမင်နဲ့ ယူဂျယ်မင်း မတည့်တာ တစ်ကျောင်းလုံးသိတယ်
ယူဂျယ်မင်း ဘက်ကလိုက်ပြိုင်နေတာလေ
the whole kingကြီးကတော့ ချေချက်
အဖက်တောင်မလုပ်ဘူး

"ကလေးက ချင်းဟွာ uni အကြောင်း ကောင်းကောင်းသိတာပဲ "

"ဟုတ်ဘူး ချာဆူမင် နဲ့ ယူဂျယ်မင်း နှစ်ယောက်အကြောင်းပဲ စိတ်ဝင်စားတာ "

ဆန်းဆန်းကြီး systemWhere stories live. Discover now