Arc 4.16

8.5K 1.1K 48
                                    

ဂျယ်အင်က ရှောင်းကျန့်လေးပြောတဲ့အတိုင်း အဒေါ်ရဲ့ companyကို လိုက်ပို့ပေးခဲ့ပေမယ်
ရှောင်းကျန့်အတွက် ဘာမှမထူးခြားခဲ့ ဒေါ်လေးဟာ ဂျယ်အင်ကိုယုံကြည်လွန်းနေတာက တစ်ကြောင်း
ရှောင်းကျန့်လေး အဓိက ရည်ရွယ်တာက
ဒေါ်လေးဆီ မဟုတ်တာက တစ်ကြောင်း
အကြောင်းကြောင်းကြောင့်
ချွဲcompanyမှာ ခနသာနေခဲ့ပြီး
ယူဂျယ်မင်းဆီ လိုက်ပို့ပေးဖို့ ထပ်တောင်းဆိုရပြန်သည်

ဂျယ်အင်အတွက်ကလည်းဝေခွဲရခက်နေတဲ့ အခြေအနေ သူ့ကလေးလေးရဲ့ မျက်နှာလေးညှိုးနွမ်းကာ တောင်းဆိုနေပုံလေး​ကြောင့် အရာရာလိုက်လျောချင်ပေမယ့်
တဖက်ကလည်း ဝန်တိုစိတ်ကလေးကတော့ရှိသည်
သူ့ကလေးလေးက ဘာကြောင့်များ
သူ့အစ်ကို ဂျယ်မင်းကို စိတ်ပူပြီး သွားကြည့်ချင်နေရတာလဲ

ကလေးလေး အရေးပေးတဲ့သူတွေမှန်သမျှကို ဒီကောင်ကြီးက သတ်ပစ်ချင်နေတယ်တယ်ဆိုတာ ကလေးလေးသိအောင် ပြောပြထားရအုံးမယ်

"ဂျယ်အင်.... ဂျယ်အင်လို့.......
ဂျယ်အင်ကြီးရာ "

ရှောင်းကျန့်ကလည်း စိတ်ဆုံးဖြတ်ပြီးသားမို့
လိုက်ပို့အောင် လက်နက်စုံ ထုတ်သုံးနေခြင်း

"ယူဂျယ်မင်းဆီ သွားချင်ရ​တဲ့ အကြောင်းပြချက်လေးပြောပါအုံး "

ချွဲနေတာလေးကို အသည်းယားလာတဲ့ ဂျယ်အင်က ချွဲနေရခြင်း အကြောင်းပြချက်ကြီးကိုတော့ သဘောမကျတာမို့ ထပ်မေးနေရ​ခြင်း

"ဂျယ်အင်ပဲပြောတော့
ယူဂျယ်မင်း သတိမဝင်သေးတာ ကျနော့ ကြောင့်ဆို
ကျနော့သွားရင် သတိများပြန်ဝင်မလားလို့ပေါ့ လူသားချင်းစာနာစိတ်လေးနဲ့ပါ "

​ကလေးလေးရဲ့ အကြောင်းပြချက်လေးကို နားထောင်ပြီးနောက် ဂျယ်အင် နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးလို့
သူကတော့ သတိပေးဖို့ စကားစထားခဲ့တာ
သူလေးက ကလေးအတွေးနဲ့ တွေးပစ်တော့တာပဲ

"ဟုတ်ပီ ဒါဆို လိုက်ပို့မယ် "

မဆိုးဘူး ပေါက်ကရစကားတွေကလည်း အလုပ်ဖြစ်တာပဲ

.
.
.
.
.

"ဟိုမိန်းကလေး ခိုင်းနေတာကို မထသေးဘူးလား "

ဆန်းဆန်းကြီး systemWhere stories live. Discover now