Arc 1.11

16.2K 1.7K 39
                                    

မိဖုရားရန်နဲ့ ကြင်ယာတော်တွေ ဝမ်းလျှောပြီး အားပြတ်သွားတယ်ဆိုတဲ့ သတင်းကို ကြားပြီး ရှောင်းကျန့်လေး သဘောကျလွန်းလို့ တစ်ခစ်ခစ်နဲ့ ရယ်မိနေတယ်
တမင်တကာ ခံရ​စေချင်လို့လုပ်ပါတယ်ဆို
ဒီသတင်းကြားတော့ မပျော်ပဲနေမလား
အကျင့်မကောင်းဘူး ပြောလည်းခံရမှာ
စမှားတဲ့သူက ရှောင်းကျန့်လေးမှ မဟုတ်တာ ဒီမိဖုရားနဲ့ ကြင်ယာတော် တွေလေ
အစကတည်းက ကြင်ယာတော်ရှောင်းကို ထိခဲ့တော့လည်း ပြန်ခံရမှာပေါ့
ဒါတောင် အရှင်သောက်မယ့် သေရည်ထဲပါ ထည့်ထားတာ အရှင်က ပါးနပ်သွားလို့
မခံလိုက်ရတာ
လက်စားချေရမယ့်missionထဲမှာ အရှင်မပါပေမယ့် ကြင်ယာတော်ရှောင်းအပေါ်
မကောင်းခဲ့တဲ့သူတွေထဲမှာတော့ အရှင်က ထိပ်ဆုံးက
ဒါကြောင့် ရောပြီး လက်စားချေလိုက်တာ
ရှောင်းကျန့်လေးက တော်​တယ်မလား

*မတော်ဘူး host အဲ့လိုမရပါဘူးဆို
အရှင်က ဇာတ်လိုက်လို့ hostလေးရဲ့
ပြသနာဖြစ်ရင် တန်းစီပြီး ရှင်းမှာ ဟောဒီက Xiao Paing လေးမလို့ မနှောက်ပါတော့နဲ့ *

*ဘာလဲ မကျေနပ်ဘူးလား *

*အမှန်တိုင်းပြောလိုက်ရင် host နင်သွားလိမ့်မယ် 😒*

*အဲ့တာထားလိုက် mission ကပြီးတော့မယ်မလား *

*ဟုတ် ပြီးတော့ပါမယ်
အရှင့်ရဲ့ အချစ်ခံလေးက 48%
လက်စားချေတာက 8%ပါ *

*လက်စားချေတဲ့ mission က ခက်လှချည်လား percentတက်တာ သိပ်နှေးတာပဲ *

*ဟိုအနှောက်မ သုံး​ယောက်လုံးသေသွားရင်တော့ 50%ပြည့်မှာ မလို့ မစိုးရိမ်ပါနဲ့ host*

*အပြောကတော့ သိပ်လွယ်ပဲနော်
ဒါနဲ့ အရှင်ကရော ဘာလို့ 2%က မချစ်ရသေးတာလဲ *

*အသားချင်းထိတွေမှုနည်းတာက 1%နဲ့
ခမည်တော်​အပေါ် အပြစ်လုပ်မိပြီလို့ ခံစားနေရတာက 1%ပါ
50% အပြည့်အဝဖြစ်မှ mission အောင်မှာပါ *

ဟုတ်သားပဲ အဲ့ကိစ္စက မယ်မယ့်ဆီ သွားမှ အဖြစ်မှန်တွေသိရမှာ
မသွားဖြစ်သေးတာပဲ mission တစ်ခုပြီးသွားတော့ စိတ်ချမ်းသာရတာပေါ့ ဆိုတဲ့ အတွေးနဲ့

အရှင်စာရေးဖို့ ​မှင်သွေးပေးနေရင်းကနေ ထလာကာ စာရေးနေတဲ့ အရှင်ရဲ့ ရင်ခွင်ထဲကို ဝင်ထိုင်ပြီး လက်နှစ်ဖက်က အရှင်ရဲ့ လည်ပင်းမှာ ချိတ်ဆွဲယှက်နှောင်ထားလိုက်တယ်
တမျိုးတော့မထင်ပါနဲ့ အသားချင်းထိတွေ့မှုအတွက် percent တက်လာအောင်ပါ
ချစ်သူတွေမဟုတ်ပဲ လုပ်မိတဲ့ လုပ်ရပ်အတွက် မျက်နှာပူမိပေမယ့်
တဖက်ကလည်း အရှင့်က ကိုယ့်ကိုယ်ချစ်နေတာပဲဆိုတဲ့ စိတ်ကို နှလုံးသွင်းလိုက်မိတာ
mission အောင်မြင်ချင်စိတ်ကြောင့်နေမှါပါ
ဟုတ်တယ်မလား

ဆန်းဆန်းကြီး systemWhere stories live. Discover now