Arc 5.6

8.1K 1.1K 109
                                    

ရှောင်းကျန့်အခုရောက်နေတာက မိတ်ဆွေသစ်လေးရဲ့ ခြံရှေ့မှာ
လွန်ခဲ့တဲ့ သုံးရက်လောက်က ထမင်းစားဖိတ်ရင်း ခင်ခဲ့ရတဲ့ ဒီကမ္ဘာမှာရှိတဲ့ တစ်ဦးတည်းသော မိတ်ဆွေလေး Gum ပေါ့

အကြောင်းအရင်းကတော့ အသုံးစရိတ်ပြတ်လုဆဲဆဲဖြစ်နေတဲ့ ရှောင်းကျန့် အတွက်
အလုပ်တစ်ခုက သေချာပေါက်လိုနေပြီ
အရင်ကမ္ဘာတွေမှာလို မချမ်းသာတဲ့အပြင်
ပညာရေး မှတ်တမ်းမှတ်ရာ ဘာလက်မှတ်တစ်ခုမှ ရှိမနေခဲ့ဘူး
ဒီတော့ အလုပ်ရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက အကပ်နဲ့ဝင်ဖို့ပဲ
ပြီးတော့ မိတ်ဆွေသစ်ကြီးက ကုန်တိုက်တစ်ခုရဲ့ မန်နေဂျာကြီးလေ ဒီလောက်တော့ ကူညီပေးမှာပါ

"မင်းသားလေးရဲ့လူက မလာသေးဘူးလား
တယ်တယ် ပူနေပြီ "

ရှောင်းကျန့်နည်းတူ ခြံရှေ့ပါလာတဲ့ တယ်တယ်ကတော့ ညည်းနေပြီ
ဟုတ်လည်းဟုတ်တယ် မိတ်ဆွေ​သစ်လေးက အိပ်ပုတ်ကြီးလိုက်တာ ခုထိကို ထွက်မလာသေးဘူး
10:05ဆိုတာ သူ့အတွက် စောလွန်းနေတာများလား ရှောင်းကျန့်လေးရပ်စောင့်နေတာ
9:07မိနစ်ကတည်းက

"တယ်တယ်ရယ် ငါ့ကိုလည်း အား​နာပါအုံး
မင်းကမှ လိပ်ခွံကြီးကာနေသေး​တယ်
ငါက နေလုံးကြီးနဲ့ အသားတွေ တိုက်ရိုက်ထိတွေ့နေရတာကွ "

"ဒါဆိုလည်း အိမ်ထဲပြန်ဝင်ရအောင်လေ ဘာလို့များ ရပ်နေရသေးတာလဲ "

သူကတော့ပြောအားရှိ​တာပေါ့ စားဝတ်နေရေးအတွက် စိတ်မပူရဘူးလေး
ကိုယ့်ဆီမှာကပ်နေပြီး လိပ်ခွံကြီးကြောင့် အဝတ်အစားကလည်း မလိုပြန်
အစားအသောက်ကတော့ ပြောကိုမပြောချင်ဘူး
Gumကို အစီအစဥ်မရှိပဲ ထမင်းဖိတ်ကျွေးတဲ့နေ့က ကိုယ့်မှာတော့ တယ်တယ်ဘာမှ မစားရသေးရှာဘူးဆိုပြီး ညကြီးအချိန်မတော် ချက်ပြုတ်နေလိုက်ရတာ
ပြီးလည်းပြီးရော သကောင့်သားက ဘာပြောတယ်ထင်လဲ
သူ့မှာ ရိက္ခါအပြည့်အစုံပါပြီးသား ဆိုပြီးတော့ သူ့လိပ်ခွံထဲမှာ ပါတဲ့ ပင်လယ်ရေညှိတွေ ထုတ်ပြ​ပါလေရော
ပါးစပ်ကလေးပြောသေး
"သမုဒ္ဒရာထဲမှာ ရှိတဲ့ ပင်လယ်ရေညှိတွေ အကုန် တယ်တယ့် လိပ်ခွံထဲမှာ
အစွမ်းနဲ့ ​ချုံ့ပြီးသိမ်းထားလိုက်တာ "တဲ့လေ
အဲ့ကတည်းက တယ်တယ့်ကို စေတနာမရှိတော့တာ

ဆန်းဆန်းကြီး systemWhere stories live. Discover now