Arc 4.14

8.6K 1.1K 91
                                    

တပတ်လောက်ကြာပြီးမှ ပြန်တွေ့တဲ့ချစ်သူကို စာလုပ်စရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်စေချင်နေတဲ့
ကလေးပိစိကြောင့် ချာဆူမင်
စိတ်တွေရှုပ်ထွေးနေရသည်
တစ်ရက်ကို တကမ္ဘာလောက် ကြာတယ်ထင်ပြီးစောင့်ခဲ့ရသမျှ တွေ့ရတဲ့ မိနစ်အနည်းငယ်ကပဲ မလုံလောက်လို့ အလွမ်းမပြေသေးတာလား
​ယူဂျယ်အင်ရဲ့ ပုံ​ကြောင့် ယွန်းဆန်းအပေါ်
စိတ်တိုနေတာလား
အရင်လို အနားကပ်မခံတဲ့ ကလေးပိစိကြောင့် ဝမ်းနည်းနေတာလား တောင် သေချာမခွဲတတ်တော့တဲ့ အထိ စိတ်တွေက ရှုပ်ထွေးနေတာမို့ ဒီနေ့တော့ အိမ်ပြန်အနားယူကာ
ကလေးပိစိနဲ့ အမှတ်တရတွေကို ပြန်တွေးရင်း ပြုံးရွှင်လာရပြန်သည်
တကယ်ပါ ချာဆူမင်ရဲ့ ခံစား​ချက်ပေါင်းစုံက
ကလေးပိစိကပဲ မြစ်ဖျားခံသည်

မနက်ရောက်တော့ ပုံမှန်အတိုင်းပဲ ကျောင်းလိုက်ပို့ပေမယ့်
စကားတစ်ခွန်းမှမပြော တိတ်ဆိတ်နေတဲ့အပြင် ဖုန်းကိုပဲ အာရုံစိုက်ကာ စာရိုက်နေတဲ့ ယွန်းဆန်း
ချာဆူမင်နေလို့ အဆင်မပြေတော့ စကားပြောမှဖြစ်တော့မည်
ကျောင်းရှေ့ရောက်တာနဲ့
ကားပေါ်က ဆင်းရန် ပြင်နေသော ယွန်းဆန်းရဲ့ လက်ကို ဆွဲပြီး

"ကိုယ့်ကို စိတ်ဆိုးနေတာလား "
မေးတော့ နားမလည်သလို ပြန်ကြည့်နေပြန်သည်

"ဘယ်သူ့ကို စာပို့နေတာလဲ "
ဒီမေးခွန်းအတွက် မထင်ထားတဲ့ အဖြေက
"ဂျယ်အင် ကျောင်းမလာဘူးလားလို့ မေးနေတာ"တဲ့ ချစ်သူကိုတော့ စကားမပြောဘဲ အဲ့တယောက်ကိုတော့ ဂရုတစိုက်မေးနေတာတဲ့လား ကလေးပိစိပြောင်းလဲနေတာတော့ သေချာပြီ ပုံမှန်ဆို ယူဂျယ်အင်ဆိုတဲ့ ကောင်လေးကို ​​မကြည်တာ
သူအသိဆုံး

"ကိုယ့်အပေါ် တကယ်စိတ်မဆိုးတာ သေချာလား "

"အင်း"

"ဒါဆို ဘာလို့ ​တစ်လမ်းလုံးငြိမ်နေတာလဲ "

"sorry ကိုကို စာအကြောင်းစဥ်းစားနေလို့ "

အမှန်တိုင်းပြောရရင်တော့ သူစိမ်းတစ်ယောက်နဲ့ ဟက်ဟက်ပက်ပက် စကားပြောနေရတဲ့ အထိကျနော်စိတ်မရှည်ဘူး ဒါတောင်
သခင်က ဒီလူနဲ့ နမ်း​တဲ့ပုံ ရိုက်ပို့ ခိုင်းနေတာ
သခင်က ကျနော့ဘက် မစဥ်းစားပေးဘူး
သခင်မဟုတ်တဲ့ တခြားတယောက်ကို ကျနော် နမ်းချင်ပါ့မလား

ဆန်းဆန်းကြီး systemWhere stories live. Discover now