Arc 6.9

5.7K 812 27
                                    

ဒေါက် ဒေါက် ဒေါက်!!!!!!! (တံခါးခေါက်သံ )

တစ်ယောက်တည်း အေးဆေးအနားယူရန် ကြံရွယ်နေသော ရှောင်းကျန့်
တံခါးခေါက်သံနှင့် နှောက်ယှက်ခံရပြန်တော့
မျက်နှာလေးရှုံ့မဲ့သွားတယ်
ထပ်ပြီးဘယ်သူလဲ
တစ်နေကုန် အနားကမခွာတဲ့ ကလေးပေါက်နဲ့တင် မလုံလောက်သေးဘူးလား
အိပ်ချိန်လေးတော့ တစ်ယောက်တည်းသီးသန့် နေခွင့်ပေးကြပါ

"ကိစ္စရှိလို့လား "

ဘာပဲဖြစ်ဖြစ် အခန်းတံခါးလာခေါက်မှတော့ ပိုင်ရှင်မှာ ဖွင့်ပေးရန်တာဝန်ကရှိပြန်သေးသည် မဟုတ်ပါလား
တဆက်တည်း အခန်းရှေ့ရောက်နေသော Ton အား ရောက်လာရ​သည့် အကြောင်းအရင်းကိုမေးလိုက်သည်
ရှောင်းကျန့်လေးရဲ့ အနားယူချိန်ကို လာနှောက်ယှက်တဲ့ Tonမှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံတော့ ရှိသင့်သည်မလား

"ဒါလေးလာပေးတာ
Plant အတွက် အသုံးဝင်မယ့် ပစ္စည်းလေးဖြစ်လာလိမ့်မယ် "

လက်ထဲက လေးထောင့်ပုံးအသေးလေးကို မြှောက်ပြလာတာကြောင့်
ကြည့်လိုက်တော့ ဖုန်းအသစ်ဘူးလေး
ရှောင်းကျန့်ကောင်းကောင်းသိတာပေါ့
ဒီအရာက daily lifeမှာ ဘယ်လောက်အရေးပါလဲဆိုတာ

"ကျေးဇူး Ton "

သဘောတကျလက်ခံပြီး ကျေးဇူးတင်ကြောင်းပြောပေးတဲ့ Plantကြောင့် ပီတိဖြာရသူကတော့ Ton
Plantက Tonရဲ့ ပျော်ရွှင်မှု ရင်းမြစ်လေး

"သုံးနည်း သင်ပေးမယ် မနက်ကျရင် "

"မလိုပါဘူး Ton ကျေးဇူးတင်ပါတယ်
စေတနာထားပေးတဲ့ အတွက်
Phoneကို ကျနော်ကောင်းကောင်း အသုံးပြုတတ်တာမို့လို့ အလုပ်ရှုပ်မခံပါနဲ့ "

အမ် ဒီယုန်မြင်လို့ ဒီခြုံထွင်ထားပါတယ်ဆို
Plantက တတ်​ကျွမ်းထားပြီးသားတဲ့လား
Tonရဲ့ အနီးကပ် သင်ပေးဖို့ စိတ်ကူးလေးတွေ မြောင်းထဲ ဘုတ်ခနဲပဲ
ဘယ်လိုပဲ ထက်မြက်တဲ့ အပင်လူသားလေးဖြစ်နေပါစေနည်းပညာ​ေတွနဲ့ ရင်းနှီးပြီးသားဆိုတာကတော့ အရမ်းကြီးထူးဆန်းမနေဘူးလား

"ကောင်းပြီ​လေ Plant
အေးဆေးအနား​ယူတော့နော် ကိုယ် မနှောက်ယှက်တော့ဘူး "

ဆန်းဆန်းကြီး systemWhere stories live. Discover now