Arc 5.11

7.6K 1K 88
                                    

"၇ရက် "
ဟုတ်သား သေချာ မှတ်ထားကာမှ မေ့နေပြန်ပါပြီ
တပတ်တစ်ခါ ရေသူထီးဘဝကို အလိုလျောက် ပြန်ပြောင်းတတ်တာ
မူလဇာတ်ကောင် ရှန့်တုန်းက အရမ်းသတိထားခဲ့တာတောင် လျန်ရဲ့ လောဘကြောင့် ဒုက္ခရောက်ခဲ့ရသေးတာ
မဖြစ်ဘူး ဒီနေရာမှာ ဆက်နေလို့ မဖြစ်ဘူး
လျန်အပါအဝင် လူတိုင်းက လောဘသားကောင်တွေချည်းပဲ

"တယ်တယ် အမြန်ပြန် ကြရအောင် "

"ဟုတ် မင်းသားလေး "

တယ်တယ်ပြန်ဖြေပြီးသည့် တိုင်အောင် အမြန်ပြန်မယ်ဆိုတဲ့  မင်းသားလေးက ရွေ့လျားခြင်းမရှိ ထိုနေရာမှာပဲ တယ်တယ့်ကို ပွေ့ချီကာ ရပ်နေဆဲ

"မင်းသားလေး အချိန်မဆွဲသင့်တော့ဘူးထင်တယ် လူသားတွေနေရာက သိပ်အန္တရယ်များတယ် ပုံစံအမှန်ကို တွေ့သွားလို့ မဖြစ်ဘူး "

"အချိန်မမှီတော့ဘူးထင်တယ် "

တယ််တယ့်ရဲ့ စိုးရိမ်ပူပန်စွာ သတိပေးစကားတွေကို ရှောင်းကျန့် တုန်လှုပ်စွာ ပြန်ဖြေနေရတယ်
နှုတ်ခမ်းတွေ​ ​တဖြည်းဖြည်းခြောက်ကာ ကွဲအက်လာပြီ
အသားအရည်တွေလည်း တဖြည်းဖြည်းခြောက်ကပ်နေတယ် ခန္ဓာကိုယ်မှာ အစိုဓာတ်အားလုံး ပျောက်ကွယ်သွားတော့မယ့်ပုံစံမျိုး
ဒီလောက်ဆို ရှောင်းကျန့် နားလည်ပြီ
ဒီခန္ဓာကိုယ်က ရေကို လိုအပ်နေပြီ
ခုချိန်မှာ ရေနဲ့ ထိတာနဲ့ မူလအသွင်ပြောင်းတော့မယ်
မဟုတ်ရင် ဒီဘဝဆုံးမယ်
ရေသူကျမ်းထဲမှာ ဖော်ပြထားတဲ့ လက္ခဏာတွေအတိုင်း ခန္ဓာကပြောင်း​လဲနေခဲ့ပြီ

ကံကောင်းချင်တော့ ရှောင်းကျန်တို့ ရောက်နေတာက အိမ်တော်ကြီးဘေးမှာ ရှိတဲ့ ရေကူးကန်နားမှာ
ဒါပေမယ့် ဒီနေရာမှာ အလင်းရောင်ရှိတယ်
မတော်တဆ လူတစ်ယောက်ယောက်များတွေ့ခဲ့ရင်
မူလရှန့်လိုပဲ အစမ်းသပ်ခံ ဘဝနဲ့ နေရတော့မှာ

"မင်းသားလေး အန္တရာယ်များနေပါပြီ
ရေသူအသွင်ပြောင်းဖို့ ရေကန်ထဲ ခုန်ချမှ ဖြစ်မှာ ကျန်တာ​ပြီးမှ ရှင်းရအောင်"

မင်းသားလေးရဲ့ အခြေအနေကို သိနေတဲ့ တယ်တယ်က မင်းသားလေးအတွက်
အရမ်းစိုးရိမ်နေရတယ်
ဒီနည်းလမ်းအပြင် တခြားမစဥ်းစားတတ်တော့

ဆန်းဆန်းကြီး systemWhere stories live. Discover now