Arc 6.8

5.6K 811 56
                                    

"ဟိုကလေး​ပေါက် မေးစရာရှိလို့ "

Tom&Jerryကြည့်နေသော ကလေးပေါက်စအနားသို့ ရှောင်းကျန့် ရောက်လာရသည်မှာ
အကြောင်းရှိ၍သာ
ဒီကလေးပေါက်နဲ့ ဆွေးနွေးစရာလေးရှိနေသည်

"လာပိစိ ကိုကြီးအနားလာ "

သူ့ကိုယ်သူ ကိုကြ​​ီးဆိုပြီးသုံးနှုန်းနေသော ကလေးပေါက်ဟာ လက်တွေ့တွင်တော့ ရှောင်းကျန့်ကို သူအနားထိုင်စေပြီး ကုပ်ဖက်တက်နေတာ ကြောင်ပေါက်လေးတွေလို

"မင်း ဦးလေးက အပြင်သွားရင်ကြာတတ်လား ကလေးပေါက် "

"တစ်ခါတလေပေါ့ ပုံမှန်ဆိုရင်တော့ မကြာဘူး ဘာလို့မေးတာလဲ ပိစိ
လိုအပ်ရှိလို့လား ကိုကြီးကို ပြော "

"အပြင်ခိုးထွက်ကြမလားလို့လေ မင်းတို့ရဲ့ ထူးဆန်းတဲ့ ကမ္ဘာကြီးကို
အကုန်မတွေ့ဖူးသေးဘူး "

ရှောင်းကျန့်ရဲ့ အကြံကို ကလေးပေါက်က ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ လက်ခံတယ်
လိုချင်တာ အကုန်ဖြည့်ဆည်းပေးမယ့် sugar baby စတိုင်နဲ့
ရှောင်းကျန့်ပေါင်ပေါ် တက်ထိုင်နေတဲ့ အချက်လေးကိုတော့ ခနလောက် neglect လုပ်ထားလိုက်အုံး

~~~~~~~~~

ညဘက်ဆိုပေမယ့် ရှောင်းကျန့်အရင်​ဆုံး ရောက်လာဖြစ်တာက မူလ အပင်လူသား Plant အဖမ်းခံလိုက်ရတဲ့ ကစားကွင်းနေရာ
နေ့ရက်တွေ အချိန်တွေ ကွာနေပမယ့်
ကလေးပေါက်နဲ့ Plant နှစ်ယောက်တည်း ဆိုတဲ့အဖြစ်ကတော့ မပြောင်းသေး
Plantတုန်းကလို ဇာတ်လိုက်ကြီး Jollyနဲ့ပါ တွေ့ခွင့်ရရင် ပိုကောင်းမှာ

"မကြီးမငယ်နဲ့ဗျာ ကစားကွင်းလာရတယ်လို့
ဒါက ပိစိတို့ အရွယ်အတွက် မဟုတ်ဘူး ပိစိရဲ့
ကိုကြီးတောင် ဒီလို ကလေးဆန်တဲ့ နေရာတွေ မလာတော့ဘူး "

မကျေမချမ်း​ရေရွတ်နေတဲ့ အကောင်ပေါက်က ဘုရားစူး 8နှစ်သား
အရင်Plant ရဲ့မှတ်ဉာဏ်တွေအရဆို
9နှစ်အရွယ်ထိ ကစားကွင်းလိုက်ပို့ဖို့ ပူဆာကောင်းတုန်း
ဘယ်လိုဖြစ်လို့ ကလေးပေါက် Peterက ချက်ချင်းကြီး ရင့်ကျက် သွားရတာလဲ

"ထူးဆန်းတာတွေကြည့်ဖို့ မင်းပဲ လိုက်ပို့တာ
မဟုတ်ဘူးလား "

ဆန်းဆန်းကြီး systemWhere stories live. Discover now