Arc 4.2

11.8K 1.4K 68
                                    

အမရီးစားပုံ ပြပေး ဆိုတဲ့ ကလေးကြောင့်
ရီးစားမရသေးတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ချင်လာပြီ
ရီးစားလေးသာထားခဲ့ရင် ဒီကလေးဆန္ဒ အတိုင်း ပြပေးလို့ရအုံးမှာ
ဒီနေ့မှ စာသင်ရတဲ့ ကလေးဆိုပေမယ့် မောင်လေးတစ်ယောက်လို ချစ်တယ်
ပျော်လည်း ပျော်စေချင်တယ်
နောက်ဆုံးစဥ်းစားလို့ ရတဲ့ အတိုင်း ဟိုတလောက ချောလို့ဆိုပြီး saveထားတဲ့ ကျောင်းက King ပုံပေါင်းများစွာထဲက the whole king ပုံ ပြလိုက်ဖို့ အတွေးဝင်လာသည်

"အမမှာ ရီစားတော့ မရှိဘူး ကလေးရဲ့
crush ပုံတော့ ရှိတယ်ကြည့်မလား "

မဖြစ်နိုင်တာ ရီးစားမရှိဘူးတဲ့ မမချောချောကလေ လိမ်နေတာများလား

*Xiao Paing ပြောတဲ့ ဇာတ်လိုက်က သူ့ရီးစားဆို ရီးစားမရှိဘူးတဲ့လေ *

*မရှိသေးတာနေမှာပေါ့ host
crushရှိတယ်တဲ့လေ နောက်ပိုင်းမှ ရီးစားဖြစ်ချင်ဖြစ်မှာပေါ့ *

*အဲ့လိုဖြစ်နိုင်တယ် *

ဆောလီ သူမစကားကို ဘာတုံ့ပြန်မှုမှမပေးဘဲ တစ်ခုခုကို စဥ်းစားနေပုံပေါ်တဲ့ ကလေးကို သူမဖုန်းထဲက the whole king ပုံလေးကို ကလေးရဲ့ မျက်နှာရှေ့ ချပြလိုက်တယ်
တကယ် crushလားဆိုတော့
crushတယ်ပဲပြောရမှာပေါ့ kingပါဆို အဆင်လေးပဲလေ

"ဘယ်လိုလဲ ချောတယ်မလား "

ဘယ်လိုပြောရမလဲ ရှောင်းကျန့်လေးလောက်မချောပေမယ့် တော်တော်လေး ​ကြည့်ကောင်းတဲ့ အထဲတော့ပါ​တယ်
အချောလေးလို့ ပြောလို့ရတယ်ပေါ့
ခန့်တဲ့အထဲရော ချစ်ဖို့ကောင်းတာရော နှစ်မျိုးရောထားတဲ့ရုပ်လေး
အဲ့တာတွေထက် အရေးကြီးတာက ဒီလူက ဇာတ်လိုက်လားဆိုတာပဲ

"နာမည်ရောပြောပြလို့ ရလား "

"​ချာဆူမင်"

အမ် ရှောင်းကျန့်လေးသိတဲ့ဇာတ်လိုက် နာမည်က ယူဂျယ်မင်း ပါ
ဘယ်လိုဖြစ်လို့ ဇာတ်လိုက်မိန်းကလေးရဲ့ crushက တခြားတစ်ယောက်ဖြစ်နေရတာလဲ

"ကယ် မေးတာတွေ တော်ပြီ စာပြန် တွက်လိုက်ရအောင် "

"ဟုတ် "
ဒီလိုနဲ့ ရှောင်းကျန့်လေးမေးမြန်းခြင်းက မထိရောက်လိုက် ပါဘူး
စာသာသင်ပြီးပြန်သွားတယ် နောက်ထပ်ဘာမှလည်းမမေးလိုက်ရ
ဇာတ်လိုက်မမက သဘောတော့ကောင်းပါတယ် တစ်ခုပဲ ကိုယ့်ကိုယ် ကလေး ကလေးနဲ့ မသိရင် 3နှစ်သားလေးလို ခံစားလိုက်ရတယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now