"ဘာပြသနာ ဖြစ်နေတာလဲ "
ဆိုတဲ့ မန်နေဂျာကြီးရဲ့ အမေးစကားကြောင့် အရောင်းစာရေးမလေးက
အားကိုးတစ်ကြီးတိုင်တန်းပါတော့တယ်"ဒီက ဝယ်သူက ပါးစပ်စည်းမစောင့်လို့ပါ ဆရာ "
"ဘာပြောလို့လဲ "
"ညမက အကျီတွေ သေချာလိုက်ပြပေးနေတာကို သူက
ဘာမဆိုင်ညာမဆိုင် အာဘွားပေးချင်တယ်လို့ ပြောပါတယ် "အရောင်းစာရေးမလေးရဲ့ စကားဆုံးတာနံဲ့
ရှောင်းကျန့် ကို အထက်အောက် စုန်ချည်ဆန်ချည်ကြည့်လာတဲ့
မန်နေဂျာဆိုသူကြောင့် ရှောင်းကျန့်လေးတောင် နေရခက်နေပြီ
ပြီးတော့ ပြောသေးတယ်
"မထင်ရဘူးနော် "တဲ့
လိပ်မွှေသမျှ ရှောင်းကျန့်လေး ခါးစည်းခံနေပြီ အိမ်ပြန်ရောက်မှ ဖနောင့်နဲ့ ပေါက်ဖြစ်အောင် ပေါက်အုံးမယ်"ဒီက မိန်းကလေး ကျနော်ပြောတာ မဟုတ်ပါဘူးဆို "
ရှောင်းကျန့်မှာလည်း ဒီစကားတစ်ခွန်းအပြင် ဖြေရှင်းစရာမရှိ
"ပြောင်မလိမ်နဲ့ ရှင် CCTV က ပြန်စစ်လည်း ရတယ် "
အခိုင်အမာပြောဆိုနေတဲ့ အရောင်းစာရေးမလေးကြောင့် မန်နေဂျာကြီး ဆုံးဖြတ်ပေးလိုက်တာက
"ဒီက ဝယ်သူ ကိုယ့်ဘာသာ ထွက်သွားမလား
ကျနော် တို့ ဆွဲထုတ်ပေးရမလား "ဒါတော့ နည်းနည်းများသွားပြီ လူကို ဆွဲထုတ်မယ်ပေါ့လေ ရှောင်းကျန့်ကို မတရားလာမပြောနဲ့ ကိုယ်မလုပ်ဘဲ လာစွပ်စွဲရင် ဘယ်တော့မှ အငြိမ်မခံဘူး
အဲ့တော့ ရှင်းရှင်းလေး
နှင်ထုတ်နေတဲ့ မန်နေဂျာဆိုသူရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ထိန်းကာ
အဲ့လူရဲ့ ပါးဖောင်းဖောင်း သွားနဲ့ခဲထားလိုက်တယ်"ရပြီ ကျနော့ အပြစ်နဲ့ ကျနော် ထွက်သွားပေးမယ် "
ရှောင်းကျန့်လေးက လုပ်ချင်ရာ လုပ်ပြီး ထွက်လာခဲ့ပေမယ့်
အနောက်မှာတော့ ပါးစပ်ကို လက်လေးနဲ့အုပ်ကာ အံ့သြနေတဲ့ အရောင်းစာရေးမလေးရဲ့ရှေ့
ပါးမှာ သွားရာအကွင်းလိုက်ကြီးနဲ့ မတ်တပ်မေ့နေတဲ့ မန်နေဂျာကောင်လေးတို့က မလှုပ်မယှက် ကျန်ခဲ့လေရဲ့
YOU ARE READING
ဆန်းဆန်းကြီး system
Fanfictionကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့