Arc 4.18

10.5K 1.1K 45
                                    

ကွန်ဒိုအောက်က ချာဆူမင်ရဲ့ ကားနားရောက်တာနဲ့ ရှောင်းကျန့်လေးဟာ ဆွဲခေါ်လာတဲ့
ဆူမင်ရဲ့ လက်ကို လွှတ်ချလိုက်တယ်
သူခုမှ စပြီးစိတ်ဆိုးရမှာ

"ချွဲအိမ်တော်ကို လိုက်ပို့ တစ်ခွန်းမှ ပြန်မပြောနဲ့ "

ဆူမင်ခမျာတော့ ကလေးပိစိ ရုတ်တရက်ကြီးစိတ်ဆိုးရတဲ့ အကြောင်းအရင်းကို အသည်းအသန်စဥ်းစားနေလေရဲ့

"ဖက်ပါရစေအုံး လွမ်းနေရတာ "

​အပြောကနောက် လက်ကအရင်
ကလေးပိစိက ရင်ခွင်ထဲရောက်နေခဲ့ပြီ
စိတ်ဆိုးနေတာသိပေမယ့်လည်း လွမ်းတာက လွမ်းတာပဲလေ

စိတ်ဆိုးနေတဲ့သူကြီးကလည်း အချိန်အတော်ကြာပြုံးပြုံးကြီး ငြိမ်နေပြီးတော့မှ

"လွှတ်တော့ ပြန်မယ် " တဲ့

ချွဲအိမ်တော်ကိုပြန်ရောက်တဲ့အထိ
သူ့အိမ်သူ့ယာလိုပဲ လိုက်ဝင်လာတဲ့ ကိုကိုဆူမင်

"ခင်များဘာလိုက်လုပ်တာလဲ
ကိုယ့်အိမ်ကိုယ်ပြန်လေ"

"ကိုကိုလို့ ခေါ် ဘာခင်များလဲ
ဖက်နမ်းပစ်လိုက်ရ "

"ကျနော့်ရှေ့မှာ နမ်းတဲ့အကြောင်းပြောရဲသေးတယ်ပေါ့လေ "

​တကယ်စိ​တ်ဆိုးနေပုံနဲ့ အခန်းအပြင်အတင်းနှင်ထုတ်ပြီး
အခန့းတံခါးပိတ်သွားတဲ့ ပိစိကြောင့်
ကိုယ့်ကိုယ်ဘာအမှားလုပ်မိသလဲဆိုတာ ပြန်စဥ်းစားနေရတဲ့ဆူမင်

ယူဂျယ်အင်နဲ့ဆောင်းဟိုကိစ္စကို ယုံကြည်ရတဲ့တပည့်တွေနဲ့ လွှဲထားပေးပြီး
နောက်နေ့Wedding​အတွက် ဖြစ်အောင် စီစဥ်ပေးခိုင်းလိုက်တယ်
ယူအိမ်တော်လောက်က ချာလုပ်ငန်းစုရဲ့ ဆန္ဒကို ငြင်းဆန်ရဲမှာမဟုတ်ဘူး
ချာဆူမင်ကိုယ်တိုင်ကတော့ သူ့ကလေးပိစိရဲ့ အခန်းရှေ့မှာ ဘာကိုစိတ်ဆိုးနေမှန်းမသိပေမယ့် ချော့ရမှာ သူ့တာ​ဝန်လေ

ညစာစား​ဖို့ထွက်လာတဲ့ရှောင်းကျန့်လေးဟာ အခန်းရှေ့မှာ ထိုင်​နေတဲ့ ကိုကို့ကို တွေ့တော့
တကယ်စိတ်မကောင်းဖြစ်သွားတယ်
ဒီလို့စောင့်နေလိမ့်မယ်လို့မထင်ဘူးလေ
ပြန်သွားမှာပဲလို့တွေးထားတာ
စိတ်ဆိုးချင်ပေမယ့် သူ သိပ်ချစ်တဲ့ ကိုကို့ကိုတော့ ဒီလိုမညှဥ်းဆဲချင်ဘူး
ဒီနေ့အတွက်စိတ်ကောက်တာ ဒီလောက်ပဲ
နောက်နေ့ကျမှ ဆက်ကောက်တော့မယ်
ဖြည်းဖြည်းချင်းကောက်မယ်
နားနားပြီးကောက်မယ် Part 1 Part 2ခွဲပြီးကောက်မယ်
ဒါမှ ကိုကို ခံနိုင်ရည်ရှိမှာပေါ့

ဆန်းဆန်းကြီး systemWhere stories live. Discover now