Arc 4.5

11.3K 1.3K 75
                                    

ချာဆူမင်နဲ့ အတူ ရှောင်းကျန့်လေးက ဘောလုံးလေ့ကျင့်မယ့် အားကစားကွင်းထဲရောက်နေခဲ့ပြီ
ချာဆူမင်ဆိုတဲ့ အ​ကိုကြိီးက
တကယ်သဘောကောင်းတာ
ရှောင်းကျန့်လေးကို အစစအရာရာ ဂရုစိုက်သည်
သူလေ့ကျင့်နေချိန် တစ်ယောက်တည်းပျင်းနေမှာစိုးလို့ ဆိုပြီး ကန်တင်းအရင်ဝင်ကာ မုန့်တွေ ဝယ်ပေးထားသည်
ဒါကြောင့်လည်း ရှောင်းကျန့်လေးမှာ သာသာယာယာ မုန့်စားလိုက် ​ဘောလုံးကန်နေတဲ့ အကိုကြီးကို ကြည့်လိုက်နဲ့

တစ်ခုပဲ ဇာတ်လိုက်ကြီး ရောက်မလာသေးတာ သူတို့နှစ်ယောက် အခြေအနေ အရင်ကြည့်ရအုံးမယ်လေ
ဘယ်သူကပိုတော်လဲဆိုတာ

ချာဆူမင် ဒီနေ့လေ့ကျင့်ရတာ ပုံမှန်နဲ့ မတူ
စိတ်မပါဘူးဆို ပိုမှန်မယ်
မျက်လုံးတွေက အလှတရားကို မြတ်နိုးလွန်းနေတာကြောင့်
ပိစိလေးဆီပဲ အကြည့်ခနခန ရောက်နေသည်
သူလေးကတော့ ရိပ်မိမ​ယ့်ပုံမပေါ်
ဝယ်ပေးထားတဲ့ မုန့်လေးတွေ အပေါ်သာ အာရုံရောက်နေတာ
ဘဝမှာ ပထမဆုံး သဘောကျဖူးတဲ့သူလေးက ကလေးလေးဖြစ်နေတော့
ဆူမင် ကိုက်စားပစ်ချင်လာပြီလေ
စိတ်မပါတဲ့ ဘောလုံးကို ဆက်မကစားတော့ဘဲ ပိစိအနားကိုပဲ လျှောက်သွားလိုက်တော့သည် တစ်ချိန်က ဘဝမှာ သဘောကျအနှစ်သက်ဆုံးက ဘောလုံးကစားခြင်းဆိုပေမယ့် အခုတော့ လုံးဝမဟုတ်တော့
ပိစိအနားနားမှာနေရခြင်း အဖြစ်ပြောင်းလဲသွား​လေပြီ

အနားရောက်လာတဲ့ မောပန်းနေတဲ့ အကိုကြီးကို ရေတိုက်ဖို့တော့ ​ရှောင်းကျန့်လေး
အလိုက်သိပါတယ်
ရေဘူးအသစ်ကို အနီးအနားမှာ​ရှာမတွေ့ ရေဘူးတွေ ဘယ်ရောက်ကုန်​ပါလိမ့်
လုံးဝ ရှာမတွေ့တော့မှ
သူမုန့်စားရင်း သောက်လက်စရေဘူးလေးကိုကမ်း​ပေးလိုက်တာ

"အကို ရွံတတ်ရင် ​မသောက်နဲ့တော့ ကျနော် ပါးစပ်နဲ့ ထိသောက်ထား​​ပြီးသားကြီး "

Ohhhhhh ရခဲလှတဲ့ အခွင့်အရေးကို တော့
ဘယ်လက်လွတ်ခံပါ့မလဲ ဒီအချိန် ရေဘူး အသစ်တွေ ကတ်လိုက်ရောက်လာရင်တောင်မသောက်ဘူး
ပိစိကိုယ်တိုင်ပေးထားတဲ့ရေဘူးလေးကိုပဲ
ပိစိနှုတ်ခမ်းနဲ့ ထိထားတဲ့ နေရာလေးမလွတ်အောင်
ရေဘူးအဝ​တစ်ခုလုံးက ဆူမင်ရဲ့ နှုတ်ခမ်းနှစ်လွှာကြားမှာ အကြည့်တွေကတော့ ပိစိဆီမှာ
ဒီနေ့သောက်ရတဲ့ ရေလေးက ချိုလိုက်တာ

ဆန်းဆန်းကြီး systemWhere stories live. Discover now