Arc 4.8

10.3K 1.3K 133
                                    

ချာဆူမင် သူ့ရဲဲ့ကလေးပိစိကို အော်တဲ့
ယူဂျယ်​မင်းကို တစ်ချက်ဆွဲထိုးလိုက်ပြီး
ပိစိလေးလက်ကို ဆွဲကာ ​အားကစားကွင်းထဲ
က ခေါ်လာခဲ့လိုက်တယ်
သူ့ကို အမြဲလိုက်ပြိုင်နေတဲ့ ယူဂျယ်မင်းကို
အမြဲ သည်းခံနိုင်ပေမယ့်
ပိစိဘေး​နားရှိနေတာတော့ လက်မခံနိုင်
စမြင်ထဲက ဆွဲထိုးချင်နေတာ
ကလေးပိစိကိုပါ အော်လိုက်တော့ ယူဂျယ်မင်း အထိုးခံရဖို့ လုံလောက်သွားပြီ

"ရောက်နေတာ ဘာလို့ ကိုယ့်ဆီ စာမပို့ထားရတာလဲ ပိစိရဲ့ "

သူထိုင်နေကြ ကျောင်းဆောင်တွေနားက
အရိပ်ရတဲ့ သစ်ပင်အောက်
ခုံတန်းလေး​​မှာ ထိုင်စေရင်း စကားစလိုက်တော့ မျက်​လုံးလေးလှန်ကြည့်လာတဲ့ ပိစိ
သူ့ကို မဆူနဲ့ ဆိုတဲ့ သဘော

"ကျနော်က နေ့တိုင်းရောက်လာတော့ အကိုကြီး စာသင် ပျက်မှာ ဆိုးလို့ပါ "

"အတန်းက အရေးမကြီးဘူး "

အကိုကြီးက uniကျောင်းသားမို့ အတန်းက အရေးမကြီးဘူးလို့ ပြောတာလေ
ဘာလို့ ရှောင်းကျန့်လေးက ရင်တလှပ်လှပ် ဖြစ်လာရတာလဲ

"ဘောလုံး သွားမကစားတော့ဘူးလား အကိုကြီး ဆူမင် "

ပါးစပ်ထဲတွေ့ရာ စကားလုံးကို စကားလုပ်ပြောတော့
မျက်မှောင်ကြီးကြုတ်ကာ ပြန်မေးလာတဲ့ အကိုကြီး

"ယွန်းဆန်းကို အော်တဲ့ ဟိုကောင် ရှိတဲ့နေရာကို ပြန်သွားချင်တာလား "တဲ့
အဲ့လိုတော့မဟုတ်ဘူးလေ
ဒါပေမယ့် ရှောင်းကျန့်လေး ဒီကိုလာတာ
သူတို့နှစ်ယောက် ဘယ်သူပိုကစားတတ်​လဲ
အကဲခတ်မို့ဟာ

"မဟုတ်ပါဘူး အကို့အတွက် လေ့ကျင့်ချိန်တွေ လျော့မှာ ဆိုးလို့ပါ "

"ရတယ်ယွန်းဆန်းပိစိအတွက် အဆင်ပြေဖို့ပဲလိုတာ
ကျန်တာ အရေးမကြီးဘူး"

ပြောပါတယ် အကိုကြီးဆူမင်က ရှောင်းကျန့်အတွက် ကယ်တင်ရှင်ကြီးပါဆို
အမြဲ ရှောင်းကျန့်လေးအတွက် တွေးပေးတတ်တယ် ချစ်လိုက်တာ အဲလေမှားလို့ ရိပေါ်သိရင် စိတ်ဆိုးအုံးမယ်
စိတ်ကောင်းရှိလိုက်တာ

"ပိစိ ဒီမှာ ခနထိုင်စောင့်နေအုံး
ကိုယ် ကန်တင်းက ပိစိစားဖို့ မုန့်သွားဝယ်ပေးအုံးမယ် "

ဆန်းဆန်းကြီး systemWhere stories live. Discover now