Arc 3.9

11.1K 1.3K 47
                                    

လီဟွန်း သူ့ကို အားကိုးတကြီးနဲ့ ကြည့်နေတဲ့ ရင်းရဲ့ မျက်ဝန်းတွေကိုမြင်လေ
သူ့ရှေ့က လေနတ်ဘုရား အယုတ်တမာကောင်ကို ပိုပြီး စိတ်တိုလေ
ရင်းရဲ့အနား သူခနလေးမရှိရုံနဲ့ အန္တရာယ်ကများလိုက်တာ
သူကလည်း အကိုတော်ရဲ့ အဆောင်မှာ
လုပ်စရာလေးရှိလို့ ရင်းကို အားလျန်နဲ့ စိတ်ချလက်ချထားခဲ့တာ
တခြားတော့မဟုတ် အကိုတော် စီစဥ်ထားပေးခဲ့တဲ့ ရင်းနဲ့ ဒီအယုတ်တမာကောင်ရဲ့ လက်ဆက်ပွဲကို ဖျက်သိမ်းပြီး
လေနတ်ဘုရားကို အဆင့်လျော့ဖို့ စီစဥ်နေတာ ခုတော့ အဲ့လောက်နဲ့ မလုံလောက်တော့ဘူး ရင်းကို ကြံစည်ရဲတဲ့ သူ့ရဲ့အပြစ်က အရမ်းများသွားပြီ

လီဟွန်း ရင်းအပေါ်မှာ သက်ရောက်နေတဲ့ လေနတ်ဘုရားရဲ့ အစွမ်းကို ဖယ်ရှားပေးလိုက်ပြီး ရင်းရဲ့မျက်နှာလေးကို
ရင်ဘတ်ပေါ်အပ်စေကာ
နံရံနားမှာလဲကျနေသူရဲ့ လည်ပင်းကို
သူ့ရဲ့အနက်ရောင် အငွေ့လှိိုင်းတွေနဲ့ ရစ်ပတ်လိုက်သည်
ရင်းမြင်လို့တော့မဖြစ် သူက အကိုတော်မဟုတ်မှန်း ရိပ်မိသွားနိုင်သည်

နာကြင်မှုကို မချီမဆန့်ခံစားနေရတဲ့ ရှီကျင့်
မျက်နှာပင် အကြောတွေထင်းလို့
စိတ်ထဲမှာလည်း အနက်ရောင်စွမ်းအားအကြောင်းတွေးတောမိတော့ အကြောက်တရားက ဝင်လာရသည်
အနက်ရောင်စွမ်းအားသည် နတ်ဆိုးဘုရင်၏
ကိုယ်ပိုင် စွမ်းအား
အရှင်က ဘယ်လိုလုပ်
မဟုတ်မှလွဲရော နတ်ဆိုးဘုရင်များလား
သွားပြီ နတ်ဆိုးဘုရင်က ကောင်းကင်မင်းကြီးကလို သက်ညှာပေးတတ်သူမျိုးမဟုတ် လူမှားထိမိပြီ သို့သော် အသိတရားဝင်ချိန်က အရမ်းကို နောက်ကျနေပြီ
သူ့အသက်ရှင်သန်ဖို့ တစ်ခုတည်း လမ်းက
နတ်ဆိုးဘုရင်ကို အနိုင်ယူဖို့ ပဲရှိတာ

ဒါကလည်း မဖြစ်နိုင်တဲ့ ကိစ္စ
နတ်ဆိုးဘုရင် လီဟွန်းဆိုတာ
ကောင်းကင်မင်းကြီးနဲ့ နတ်​ဘုရားတွေအားလုံးပူးပေါင်းတာတောင် မယှဥ်နိုင်တဲ့ အရင်နတ်ဆိုးခေါင်ဆောင်ကြီးကို
သူတစ်ဦးတည်း တိုက်ခိုက် အနိုင်ယူထားသူ
လောကမှာရှိတဲ့ နတ်ဆိုးအားလုံးကို သူ့ရဲ့ အမည်နာမလေးနဲ့တင် ထိန်းချုပ်နိုင်သူ

ဆန်းဆန်းကြီး systemWhere stories live. Discover now