Arc 4.7

10.6K 1.3K 105
                                    

ရှောင်းကျန့် တစ်ယောက် သူရဲ့ အထက်တန်းကျောင်းပဲသွားရမလား
missionအတွက် uniကိုပဲ လစ်ရမလား
လမ်းတွေပျောက်နေဆဲ

သေချာစဥ်းစားကြည့်တော့လည်း ကျောင်းက အရေးမကြီးပါဘူးလေ
systemရဲ့ hostတစ်ယောက် တာဝန်တွေအတွက် mission ကပဲ အရေးကြီးတာ
ပြီးတော့ ဒီကမ္ဘာမှာ ချစ်သူလေးရိပေါ် ကို မတွေ့ သေးတာလား တွေ့နေပီလားတောင်မသိရ ရှောင်းကျန့်လေးက missionကြောင့် အလုပ်ရှုပ်နေ​ရင်တောင်
ချစ်သူလေးရိပေါ်ကတော့ သူ့အ​နားရောက်လာသင့်တယ်လို့ မထင်ဘူးလား
ရုပ်ရည်အသွင်ပြင်ကို မမှတ်​မိတော့ရင်တောင်
သူ့အပေါ်ပေးခဲ့တဲ့ ရိပေါ်​ရဲ့ အချစ်တွေကို ရှောင်းကျန့်လေး တကယ်လွမ်းတယ်

အလွမ်းတွေကို အလုပ်ကြိုးစားခြင်းနဲ့ မေ့ဖျောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ရှောင်းကျန့်လေးဟာ Driver ဦးလေးကြီး လိုက်ပို့တဲ့ ကျောင်းထဲကိုတောင် မဝင်တော့​ဘဲ
Uni ဘက်သွားဖို့ ဦးတည်လိုက်တယ်

လမ်းလျှောက်ရင်း နောက်ကျောမလုံသလို ခံစားရတာမို့ နောက်လှည့်ကြည့်တော့လည်း
ဘယ်သူမှမရှိ
သေချာတယ် တစ်ယောက်ယောက်လိုက်နေတာနေမှာ
အရင်ချွဲယွန်းဆန်းမှာ ရန်သူတွေ ရှိနှင့်ပြီးသားများလား

လမ်းကွေ့ တစ်ခုနားရောက်တော့
​အနောက်က လိုက်လာတဲ့ သူကို ဖမ်းရမယ်​ဆိုတဲ့ အတွေးနဲ့ ဝင်ပုန်းနေတဲ့ရှောင်းကျန့်

ဂျယ်အင် ဒီအကောင်ပေါက်လေးကို အသည်းယားလွန်းလို့ ဘယ်လိုလုပ်ရပါ့
​သူ့နောက်ကို နောက်ယောက်ခံ လိုက်နေတယ်လို့ ထင်နေတဲ့ လူဆိုးလေးက
သူ့ရှေ့မှာပဲ လမ်းကြားထဲ ဝင်ပုန်းသည်တဲ့ တကယ် မကောင်းကြံမယ့်သူသာဆို ဒီပေါက်စနဲ့မလွယ်ဘူး
အမှန်တော့ ဂျယ်အင်က မသိအောင် လိုက်နေတာမဟုတ်ဘူး
သူလေးကျောင်းထဲ မဝင်ဘဲ လစ်ထွက်လာတာတွေ့လို့ နောက်က လိုက်လာတာ
သူလေးက လူဆိုး ဖမ်းချင်တယ်ဆိုတော့ လည်း ကိုယ်က အဖမ်းခံပေးရမှာပေါ့

ယွန်းဆန်းပုန်းနေတဲ့ လမ်းချိုးလေးနားရောက်မှ လူပျောက်ရှာနေသော ဂျယ်​အင်

သူလေးကတော့ အပီပဲ ဆိုပြီးထွက်လာတဲ့ပုံ
မထီပြုံးလေးနဲ့

ဆန်းဆန်းကြီး systemWhere stories live. Discover now