Arc 4.17

9K 1.1K 50
                                    

"မလိမ်နဲ့ မင်းးးက ငါရဲ့ယွန်းဆန်းမဟုတ်ဘူး "

အသံမာမာနဲ့ ထပ်မေးလာတဲ့ ချာဆူမင်
သူတို့ဘက်က အစစအရာရာ သံသယမဖြစ်အောင် အချိန်ယူပြီး စီစဥ်ခဲ့ရတာတောင် တစ်ချက်လေးလွဲမှားမှုမှာ အကုန်ပျက်စီးကုန်တယ်
သခင်သာသိရင်တော့ စိတ်ဆိုးနေတော့မှာပဲ
နေ့ညမပျက် ချွဲယွန်းဆန်းရဲ့ အမူအရာတွေ ကို သခင်ကိုယ်တိုင် ခိုးရိုက်ထားတဲ့
နှစ်နှစ်စာ vd လေးတွေ ထဲကနေ တစ်လလုံး
လေ့လာခိုင်းထားတာတွေ အလကားဖြစ်ကုန်ပြီလားဆိုပြီးတော့ပေါ့

ပြီးတော့ ကျနော်ကိုယ်တိုင်ကလည်း ချာဆူမင်ကို လွယ်လွယ်နဲ့ အလျှော့ပေးလိုက်ချင်နေပြီ ချာဆူမင်နားမှာနေရတာ မ​ပျော်ဘူးသခင်
ဒီရက်ပိုင်းတွေမှာ သခင့်ကိုပဲ သေမလောက်သတိရနေတယ်
ကျနော့အတွက်မဟုတ်မှန်းသိတဲ့ အစားထိုးခံရတဲ့ အနမ်းတွေကိုလည်း လွမ်းနေတယ် သခင်
ယွန်းဆန်းဆိုတဲ့ ကောင်လေးကတော့ကံကောင်းပါတယ် သခင့်ရဲ့ သည်းသည်းလှုပ်ချစ်ခြင်းခံရတယ် ကျနော်လည်း သူ့လို
ရုပမျိုးရနေပြီလေ
သခင်အစားထိုးချစ်ပေးလိုက်ပါလားလို့
​တောင်းဆိုရင် လောဘများကြီးသွားမလား

သခင့်ကို သစ္စာမဖောက်ချင်ပေမယ့်
သခင့်အနားမှာ အရင်တိုင်း အစားထိုးခံလေးအဖြစ်ပြန်နေချင်​တယ်
ချာဆူမင်ကို အသုံးချပြီး လက်ရှိ သခင့်ဘေး
က ကံကောင်းတဲ့လူသားကို ဖယ်ထုတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး
ဒါကြောင့် အမှန်တိုင်းပဲ ထုတ်ပြောဖို့ ဆုံးဖြတ်ခဲ့တယ်

"ကျနော်က ဆောင်းဟို ပါ ချာဆူမင်ထင်သလို ချွဲယွန်းဆန်းမဟုတ်ပါဘူး "

ထင်တဲ့အတိုင်း ဝန်ခံလာပေမယ့်
အံ့သြ​နေရဆဲ ဒါဆို သူ့ရဲ့ ကလေးပိစိက ဘယ်ရောက်သွားတာလည်း
အန္တရာယ်များဖြစ်နေမလား

"ယွန်းဆန်း ဘယ်မှာလဲ
မင်းကရော ဘာရည်ရွယ်ချက်နဲ့ ဟန်ဆောင်ရတာလဲ မင်းတို့ ငါ့ကလေးကို ဘာလုပ်ထားလဲ အခုပြော!!"

အမှန်းတိုင်းဖြေခါမှ အော်ဟစ်သောင်းကျန်းနေတဲ့ ချာဆူမင်ကို နည်းနည်းတော့သနားမိသား သူလည်း သူချစ်တဲ့သူကို စိတ်ပူရှာမှာပဲလေ

ဆန်းဆန်းကြီး systemWhere stories live. Discover now