"ဒီနေ့ပြန်လာမယ်လို့ ပြောထားတာတောင်
ဘာလို့ လာမကြိုတာလဲ ကိုကို "လူက အခန်းထဲ မဝင်ရသေး အသံကျယ်ကျယ်က အရင်ရောက်လာပြီ စိတ်ပျက်ဖို့ကောင်းလိုက်တဲ့ မိန်းကလေး
အရင်က ချင်းဖန်ရဲ့ မျက်နှာကြောင့်သာ သည်းခံပေးနေတာ
ခုတော့ ဘယ်မျက်နှာမှကြည့်စရာမလို"အော်ချင်တိုင်း အော်မနေနဲ့ ချင်းယွဲ့
ဒါငါ့ရုံးခန်း မင်းနေတဲ့ ဇရပ်မဟုတ်ဘူး"ဒီလောက်ပြောတာတောင် မျက်နှာတစ်ချက်
မပျက်တဲ့ မိန်းကလေး"ဘာတွေ စိတ်တိုနေတာလဲ ကိုကို အရင်လည်း လာနေကြပဲကို
အလုပ်ေတွ အဆင်မပြေဘူးလား ""မင်းအိမ် မင်းမပြန်ဘူးလား ဒီကို ဘာလာရှုပ်တာလဲ "
"မေးပြန်ပီကိုကိုရာ မတွေ့တာကြာလို့ လွမ်းလို့ လာတွေ့တာပေါ့ "
"နောက်မလာနဲ့ အကြောင်းအရင်းကို မင်းအကို ဆီမှာမေးလိုက် "
"မမေးချင်ဘူး သိလည်းမသိချင်ဘူး
ကိုကို့ အနားမှာပဲနေချင်တာ "အပြောအဆိုရဲတင်းတဲ့ မိန်ကလေးကို ဟွေ့လန်အရင်ထဲက သဘောမကျ အခုဆိုပိုဆိုးပေါ့ သူတို့နှစ်ယောက်ရဲ့ စကားသံတွေကြောင့် ကောင်လေးများ နိုးသွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကောင်လေးကို ကြည့်လိုက်တော့ ထင်တဲ့အတိုင်း လူးလွန့်ကာ မျက်လုံးလေးတွေ ပွတ်ပြီး ထလာတဲ့ ကောင်လေး
စိတ်တိုနေတဲ့ကြားက ကောင်လေးရဲ့ နိုးလာပုံကိုကြည့်ပြီး ပြုံးနေမိတဲ့ ဟွေ့လန်ချင်းယွဲ့လည်း သူ့ကို ကျော်ပြီးကြည့်နေတဲ့ ကိုကိုရဲ့ မျက်လုံးတွေကြောင့် နောက်လှည့်ကြည့်လိုက်တော့
ခုမှနိုးလာပုံပေါ်တဲ့ ဖြူဖြူဥဥ သေးသွယ်သွယ် ကောင်လေးတစ်ယောက်"ကိုကို အဲ့တာ အကို ချင်းဖန်ရဲ့ ခင်ပွန်းလောင်းလေးမလား "
ဟွေ့လန်ရဲ့ အဖြေကို တောင်မစောင့်ဘဲ
ကောင်လေးဆီရောက်သွားတဲ့
ချင်းယွဲ့"နိဟောင် ယောင်းမ မဟုတ်သေးဘူး
မတ်ကလေး မဟုတ်သေးပါဘူး
ခဲအိုပေါ့
တို့နာမည်က ချင်းယွဲ့ အကိုချင်းဖန်ရဲ့ ညီမအရင်း ကိုကို ဟွေ့လန်ရဲ့ ဇနီးလောင်း "
YOU ARE READING
ဆန်းဆန်းကြီး system
Fanfictionကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့