"ရောက်လာပြီလား ကိုကို
နောက်ကျလိုက်တာ "အပေါက်ဝနားမှာတင် စုနေတဲ့ Gum တို့အနား ရောက်လာသူက Jan
Gumလက်ကို အတင်းလက်တွဲနေတာနေမို့ ပြန်ပြီး ဖြုတ်ချနေရတာက အလုပ်တစ်လုပ်"ရှန့် အသိမဟုတ်ရင်လည်း အထဲဝင်ရတော့အောင်လေ "
သက်တော်စောင့်ကောင်လေးကို အကြည့်မလွှဲသေးတဲ့ ရှန့်ကို Gumက ပုခုံးကနေဖက်ကာ အိမ်ထဲတွဲခေါ်သွားတော့
Janတစ်ယောက် ဒေါသတွေနဲ့ နောက်မှာ ကျန်ခဲ့ရတယ်
ကိုကိုကကွာ မဆိုင်တဲ့သူတွေကို ခေါ်လာပြန်ပါပီ
ပါးပါးက စေ့စပ်ပေးမယ့်အကြောင်းပြောမှာ သိရဲ့နဲ့
စိတ်ဆိုးစွာ ခြေဆောင့်ပြီးအိမ်ထဲဝင်သွားတဲ့ ကောင်လေးကို ကြည့်ပြီး
သက်တော်စောင့်လေးကလည်း သဘောတကျပြုံးလို့"ပါးပါး ကျနော် ရောက်ပြီ "
ဧည့်ခန်းထဲမှာ ထိုင်ပြီး သတင်းကြည့်နေတဲ့ပါးပါးက Gumရဲ့ နှုတ်ဆက်သံလည်းကြားရော TVကို ပိတ်လိုက်ပြီး အပြုံးလေးနဲ့ ဆီးကြိုရှာသည်
"ရောက်လာပြီလား သားကြီး ထိုင်အုံး"တဲ့
ဒီဦးလေးကြီးအပြုံးက အေးချမ်းလိုက်တာ
Gumပြောပြတုန်းက ဒီဦးလေးကြီးကို ရုပ်ကြမ်းကြီးနဲ့ လူဆိုးကြီးဖြစ်မယ်ထင်နေတာ
အခု ရှောင်းကျန့် အကဲခတ်ရသလောက်ဆို
သဘောကောင်းတဲ့ ပုံစံမျိုးပါ
ဒါပေမယ့် အပေါ်ယံ အသွင်အပြင်ကြည့်ပြီး ဆုံးဖြတ်လို့မှ မရတာ
Gumသာ ကြိုမပြောပြထားရင် လူဆိုးကြီး လို့ လုံးဝထင်မိမှာမဟုတ်ဘူးရှောင်းကျန့်သူ့အတွေးနဲ့ သူမို့
Gumက သူ့ဘေးမှာ ထိုင်စေပြီး လက်တစ်ဖက်ကို ဆုပ်ကိုင်ထားတာ သတိတောင်မထားမိဘူး
ကျန်လက်တစ်ဖက်မှာ ပြုတ်ကျမှာကြောက်ပြီး အတွင်းကုပ်ဖက်တက်နေတဲ့ တယ်တယ်ကြောင့်သာ အတွေးစတို့ ပြတ်သွားရတာ"ဒါနဲ့ သူလေးက ဘယ်သူလဲ
သားကြီးရဲ့ မိတ်ဆွေလား "အသံအေးအေးလေးနဲ့ မေးတဲ့ Gumပါးပါးရဲ့ အမေးကို ရှောင်းကျန့်တို့က တလွဲတွေးပြီ
လက်ကိုင်ထားတာ မြင်တာတောင် မိတ်ဆွေတဲ့လား
စိတ်ချ Gum ပေးထားတဲ့ အလုပ်ကို တာဝန်ကျေစေမှာမို့ စိတ်မပူပါနဲ့ ကိုယ့်ညီ ကိုယ်ပြန်မယူစေရဘူး
YOU ARE READING
ဆန်းဆန်းကြီး system
Fanfictionကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့