Arc 6.4

5.9K 813 28
                                    

Knock Knock Knock!!!!!

"ဦးငယ်ရေ... ဦးငယ်...
တံခါးလာဖွင့်ပေးပါအုံး "

"ဦးငယ်လို့..... ဦးငယ် "

အခန်းပြင်မှတူတော်မောင်၏ တစ်ကျော်ကျော် အော်ခေါ်သံကြောင့်
ဘယ်လိုပင် ​အိပ်မောကျနေပါစေ
ဆက်အိပ်ဖို့ မဖြစ်နိုင်တော့ပြီ
အိပ်ချင်မူးတူးကြောင့် မျက်လုံးတွေပွင့်ဖို့ပင် အတော်ကြိုးစားယူနေရသည့်အဖြစ်
ဘာတွေ အရေးကြီးနေမှန်းမသိတဲ့ တူတေယ်မောင်အား တစ်ချက်တော့ နာနာထုချင်သေးသည်

ကျွီ~~~~~

"ပိစိလေးးးးးးး "

တံခါးဖွင့်သည်နှင့်ချက်ချင်း အခန်းထဲပြေးဝင်လာတဲ့ peter
လတ်စသတ်တော့ သူ့အပင်လေးကြောင့်ကိုးး
အကဲပိုလိုက်တာဆိုပြီး လည်း အပြစ်မတင်ရက် ငယ်ငယ်ထဲက မိဘဆုံးပါးသွားပြီး
ခင်တွယ်ရာဆိုလို့ ကိုယ်တစ်ယောက်တည်း ရှိခဲ့ရာက အခုမိသားစုဝင်အသစ်လေးဖြစ်လာတော့မယ့် ပိစိကို သည်းသည်းလှုပ်နေတာ အလွန်တော့ မဟုတ်

"ဦးငယ်... ပိစိက ကြီးလာလိုက်တာ "

ကုတင်ပေါ်တင်ထားတဲ့ အပင်ငယ်ဆီ အပြေးရောက်လာပြီး မှတ်ချက်ပေးနေတဲ့ peterကြောင့်
Ton အပင်ငယ်ကို ခုမှသတိထားမိသည်
ပျက်ချင်နေသည့်မျက်နှာကို ထိန်းချုပ်ရတာ ထင်သလောက်မလွယ်ကူလှ
ညကပင် တစ်ပေကျော်ကျော် အရွယ်အစားလောက်သာ ရှိခဲ့သည့် ပိစိက
အခုတော့ သုံးပေကျော်ကျော်လောက်ထိ ကြီးထွားလာခဲ့သည်
ပုံမှန် အပင်လူသားဖြစ်စဥ်မှာ ယခုလို သိသိသာသာ ကြီးထွားလာဖို့ အနည်းဆုံး အချိန်သုံးလတော့ စောင့်ပေးရသည်
ပိစိကျမှ  ဘာလို့ တစ်ညတည်းလဲ
ပိစိရဲ့ တိုးတက်နှုန်းဟာ အရမ်းကို မြန်နေလွန်းသည်
သူ့ရဲ့လုပ်ဆောင်ချက်အားလုံးဟာ
အပင်လူသားလမ်းစဥ် အတိုင်း တစ်သွေမတိမ်း ဆောင်ရွက်ခဲ့သော်လည်း
တစ်နေနေရာရာမှာတော့ မှားယွင်းနေတာ သေချာပြီ

"Peter ခနဖယ် ပိစိကို ဦးငယ် ကြည့်ပါရစေအုံး "

ဦးငယ်ရဲ့ မျက်နှာပျက်ချင်နေသည်ကို သတိထားမိတဲ့ Peterကလည်း
မငြင်းဆန်ဘဲ ထိုနေရာမှ ချက်ချင်း ဖယ်ပေးလိုက်သည်
အကယ်၍ သူဂျစ်ကျနေပါက ပိစိလေးတစ်ခုခု ဖြစ်သွားမှာ Peterလည်း စိုးရိမ်တတ်ပါသည်

ဆန်းဆန်းကြီး systemWhere stories live. Discover now