Arc 5.9

8.3K 1K 196
                                    

"ကူညီပါ ရှန့် စာချုပ်က အစစ်ဆိုရင်တောင် အရာဝတ္ထု သက်သက်ပဲဟာ
ဟန်ဆောင်တယ်ဆိုတာ ကိုယ်တို့အချင်းချင်းပဲ သိဖို့လိုတာလေ "

Gumပြောသလို စဥ်းစားကြည့်တော့လည်း ဟုတ်တာပဲ စာရွက်ထက် လူကပိုအဓိကကျ​တာပေါ့ စာရွက်က စစ်လည်း
လူကမစစ်ရင်  ရပြီလေ
ပြီးတော့ လခကြီးကြောင့်ရော
Gumကို ကူညီချင်တာကြောင့် လက်ခံဖို့ စဥ်းစားထားတယ် စာရွက်တစ်ရွက်ကြောင့်တော့ မိတ်ဆွေကြီးကို မပြစ်ပယ်နိုင်ဘူး

"ဒါ​ဆိုလည်း ကူညီမယ်ဗျာ
တစ်ခုတော့ရှိတယ် ရှန့်အလုပ်ထွက်ချင်တဲ့ တနေ့ ဒီစာချုပ်တွေကို ရှန့်ဖြဲပစ်လိုက်မယ်နော် "

အမလေးလေ ရက်စက်လိုက်တာ
စာချုပ်ဖြဲပစ်မယ်ဆိုပဲ ကိစ္စတော့မရှိပါဘူး
အဲ့လိုနေ့က ရှိလာစရာ အကြောင်းကို  မရှိတာ
ဘာလို့ဆို ဒီနေ့က စပြီး Gumကို ရှန့် ချစ်လာအောင် နည်းမျိုးစုံနဲ့ ကြိုးစားတော့မှာ

"ရတာပေါ့ ရှန့်ရဲ့ ဒါဆို လက်မှတ်ထိုးလိုက် ကြတော့မလား "

"ဟုတ် "

ညအိပ်ဝတ်စုံလေးနဲ့ လက်ထပ်စာချုပ်မှာ
ကိုယ်နဲ့ သက်​ဆိုင်ဖို့ လက်ခံကြောင်း
တံဆိပ်ခတ်နှိပ်ပေးနေ​တဲ့ ခင်ပွန်းလောင်းလေးကို ကြည့်ပြီး Gum က ကျေနပ်လို့ မ​ဆုံး
တွေ့တာ ရက်ပိုင်းလေးသာ ကြာသေးပေမယ့်
ရှန့်ဆိုတဲ့ လူသားလေးက သူ့နှလုံးသားကို 
အထပ်ထပ်ချည်နှောင်သွားပြီးပြီလေ
Gumလည်း ဘာတတ်နိုင်တော့မှာလဲ
နှလုံးသားပိုင်ရှင်လေးကို အနားခေါ်ထားမှ
ဖြစ်တော့မှာပေါ့
မဟုတ်ရင် ​အိမ်ချင်းကပ်လျက်ကို အသည်းအသန်တွေ လွမ်းနေရတာ အဆင်မပြေဘူး
အိမ်ထဲခေါ်ပြီး အချိန်တိုင်းကြည့်နေရမှ အဆင်ပြေမှာ

"ညနေအတွက် ကိုယ်ဝတ်စုံစီစဥ်ထားပေးမယ်
ရှန့်ကတော့ အိမ်ပြောင်းဖို့ စီစဥ်လိုက်တော့"

"ဗျာ.... အိမ်ပြောင်းဖို့ "

"ကိုယ်နဲ့အတူလိုက်နေဖို့ပြောထားတယ်လေ "

ဟုတ်သား မန်နေဂျာကတော် အလုပ်ပါဆို ဂျာကြီးနဲ့ တစ်အိမ်ထဲနေရမှာပေါ့ ဒါတော့ မထူးဆန်း​ဘူး
ဒါဆို ဝယ်ထားတဲ့အိမ်လေးကို ငှားစားလိုက်မယ် အပိုဝင်ငွေလေးကို ရှန့်ပါးပါးရှာတဲ့နေရာမှာ သုံးလိုက်လို့ရတယ်
​ဒီအခွင့်အရေးမျိုးတော့လက်လွှတ်ခံစရာလား

ဆန်းဆန်းကြီး systemWhere stories live. Discover now