Arc 2.10

12.3K 1.3K 40
                                    

"သခင်လေး ဒီ​တစ်ခေါက် ပစ္စည်း ပို့တာ
အဆုံးအရှုံးများခဲ့ပါတယ်
တောင်းပန်ပါတယ် သခင်​လေး မျက်နှာမပြဝံ့ပါဘူး"

ဟွေ့အိမ်တော်ရဲ့ မြေအောက်ထပ်အခန်း
ဟွေ့သခင်ကြီးရဲ့ ​မျက်စိရှေ့ ဒူးထောက်ခေါင်းငုံ့ကာ တောင်းပန်နေကြတဲ့ လူတစ်ချို့

အလုပ်လုပ်တိုင်း ဘယ်တော့မှ အမှားမရှိ နှစ်ခါပြန်မကြည့်ရတဲ့ သူကိုယ်တိုင် လက်သပ်မွေးထားတာတဲ့ လူယုံတွေကြည့်ပဲမို့ အပြစ်ပေးဖို့​ကိုတောင် အတော် စဥ်းစား​ယူနေတယ်
သို့ပေမယ့် ဆုံးရှုံးသွားတာလည်း နည်းတဲ့ ပမာဏတော့မဟုတ်
လက်နက်မှောင်ခိုပို့သည့် ကားတစ်စီးလုံး
ဝယ်တဲ့ဘက် က လုယူသွားခြင်း
ပစ္စည်းဆုံးရှုံးရုံတင်မက သူ့လူအချို့လည်း ဆုံးရှုံးခဲ့ရတာ သွေးရိုးသားရိုး ကိစ္စတော့ မဟုတ်ခဲ့

" ပြောပါအုံး မင်းတို့ကို ငါကိုယ်တိုင် လေ့ကျင့်ပေးထားတာ ခုလို နစ်နာရဖို့ အတွက်လား "

"တောင်းပန်ပါတယ် သခင်လေး ကိုယ်ညံ့လို့ ခံရတာ မှန်ပေမယ့်
Qဂိုဏ်းက လူတွေက ဟိုဘက်ကို ကူညီမယ်လို့ မတွေးထားမိလို့ ပါ "

ဟွေ့လန် သူ့တပည့်တွေကို ဆက်လည်း မပြောချင်တော့ဘူး
ချင်းဖန်က ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်ခဲ့မှတော့ သူ​တို့လေးတွေလည်း ဘယ်တတ်နိုင်မှာလဲ သူတို့ ကိုယ်တိုင်ကလည်း ညီကိုယ်ရင်းချာလို ခင်တဲ့သူတွေ ဆုံးရှုံးထားခဲ့ရတာ

"သွားတော့ ဒီမှာလာပြီး အချိန်ဖြုန်း​မနေနဲ့ ကိုယ့် အခြေ အနေ ကိုယ် ပြန်သုံးသပ်
နောက်ထပ် ဒီလို အရှုံးပေးခဲ့ရတာမျိုး မဖြစ်စေနဲ့ "

"ဟုတ်ကဲ့ သခင်လေး ခွင့်လွှတ်ပေးတာ ကျေးဇူးတင်ပါတယ် "

ပြောပြီး ပြန်ထွက်သွားကြတဲ့ ကောင်လေးတွေကိုဟွေ့လန် တမင် အပြစ်မပေးတာ ပစ္စည်းတွေ ဆုံးရှုံးပြီး လူတွေပါ ဆုံးရှုံး​ေအောင် ချင်းဖန်က သေချာစီစဥ်ခဲ့တာပဲ ခက်တာက မင်းလည်း ငါ့အကြောင်း သိသလို ငါလည်း မင်းအကြောင်း ကောင်းကောင်းသိတယ် ချင်းဖန်

ဟွေ့လန် အမှောင်ခြမ်းက ကိစ္စတွေ အဆင်မပြေပေမယ့် company ရောက်ရင်တော့
စိတ်ညစ်နေတာတွေ အကုန်မေ့
ချစ်စရာကောင်းတဲ့ ယောက်ျာ​းလေးကို
မြင်နေရတာက သူ့အတွက် စိတ်ချမ်းသာစရာ တစ်ခု
ဒါကြောင့်လည်း ချင်းဖန် ဒီကောင်လေးကို စွဲလန်းနေတာကိုးးး

ဆန်းဆန်းကြီး systemWhere stories live. Discover now