Arc 5.13

8.4K 978 37
                                    

ကံကောင်းခြင်းတွေက ရက်ဆက်လာတဲ့အခါ
ရှောင်းကျန့်မှာ စိတ်ကျေနပ်မှုတွေတိုးလို့
ခြံတံခါးမှာ အိမ်ငှားဆိုင်းဘုတ်လေးတင်တာ တစ်နာရီတောင်မပြည့်သေးဘူး
ငှားချင်တဲ့သူက အိမ်ကို ရောက်လာတာ တန်းတန်းမတ်မတ်
စျေးဆစ်တာတွေ ညှိနှိုင်းတာတွေ မရှိတဲ့အပြင် သူပြောသမျှလက်ခံပြီး
တစ်နှစ်စာ စာချုပ်ချုပ်သွားတာ
မန်နေဂျာကတော်အလုပ်က ဘယ်လောက်ကြာမယ်မှန်းမသိပေမယ့်
အိမ်ငှားရမ်းတာအတွက် တစ်နှစ်စာ ငွေကြေးကတော့ လက်ထဲရောက်နေပြီ

"​ပျော်စရာရှိလို့လားရှန့် မျက်နှာလေးက ရွှင်နေတာပဲ "

အလုပ်ကပြန်ရောက်တာနဲ့ အမောပြေလေးက အိမ်ရှေ့ထွက်ကြိုတာမို့
Gumရဲ့ကြည်နူးမှုက အတိုင်းမသိ
တွေ့စကလို မဟုတ်ပဲ ခုမှလူကို ပိုကပ်လာတဲ့ ရှန့်ကို တစ်နေ့ထက်တစ်နေ့ အချစ်ပိုနေရတာလည်း Gumရဲ့ နေ့စဥ်လုပ်ငန်းတွေထဲက တစ်ခု

"ရှိတယ် Gum အိမ်ထဲကျမှ ပြောပြမယ် "

Gumရဲ့လက်မောင်းကို ချိတ်ကာ ချစ်စရာအကောင်းဆုံးအပြုံးလေးကို ဆင်မြန်းပြီး
အိမ်ထဲဆွဲခေါ်နေတဲ့ ရှောင်းကျန့်ရဲ့ ရည်ရွယ်ချက်က ရိပေါ်ရဲ့ အချစ်တွေကို
အမြန်ဆုံး​ပြန်ပြီး ပိုင်ဆိုင်ရဖို့
အခုလို​ဟန်ဆောင်လက်ထပ်ထားတာမျိုးမဟုတ်ဘဲ ပြီးခဲ့တဲ့ ဘဝတွေကလို ရိပေါ်အများကြီး ချစ်ပေးတာကို လိုချင်တာ
ဘယ်ကမ္ဘာရောက်ရောက် ရိပေါ်ရဲ့ အချစ်တွေကို အပိုင်ရထားချင်တာ ရှောင်းကျန့်ရဲ့ တစ်ခုတည်းသော ​လောဘ

"ကယ်​ ပြောပါအုံး ရှန့်ကို ပျော်စေအရာကဘာများလဲ ကိုယ်လည်း မှတ်ထားလို့ ရအောင် "

အိမ်ထဲဝင်ဝင်ချင်း ကိုယ့်အခန်းကို တန်းမသွား ဧည့်ခန်းမှာ ထိုင်ချကာ လေ့လာမှတ်သားထားရမယ့်အရာတွေကို မေးနေတဲ့ Gumက ရှန့်နဲ့ ပတ်သက်ရင် ဘယ်လောက်အလေးထားကြောင်း ခန့်မှန်းလို့ရသည်

"ရှန့်အိမ်လေးမှာ အိမ်ငှားတင်လို့ရသွားပြီလေ
အပိုဝင်ငွေလေး ရပြီမို့လို့ ပျော်နေတာ "

အော် အဲ့လိုလား ဒီစကားလေးကနေ ရှန့်ကို ပျော်စေတဲ့အရာကို ကောက်နုတ်သုံးသပ်ရမယ်​ဆိုရင်တော့
ဝင်ငွေတိုးလို့ ကျေနပ်နေတာ​ပဲ
ဒါဆို ကိုယ်ရဲ့ ရှန့်လေးက ငွေကို သဘောကျတာပဲ
​ဒီလိုဆိုရင်တော့ မန်နေဂျာကတော်လေးကို လစာတိုးပေးဖို့ မန်နေဂျာကြီးက အလုပ်ကြိုးစားမှ ဖြစ်တော့မယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now