Arc 3.7

11.1K 1.4K 70
                                    

အားလျန် သူ့လက်ထဲက ယုန်မဲလေးကို မျက်စောင်တထိုးထိုးနဲ့ ကြည့်ပြီး
ဆူပုတ်ပုတ်လေးလုပ်နေတဲ့
သခင့်ကြင်ယာလောင်းလေးကို အရမ်းတွေအသည်းယားနေပြီ
မဲတဲ့ယုန်ရှာမတွေ့တာမို့ သူ့မိတ်ဆွေတွေထဲက
ယုန်မိစ္ဆာလေးကို အမဲ​ရောင် ပြောင်းစေကာခေါ်ယူလာခြင်းဆိုတော့
သူမှာထားတဲ့ အတိုင်း ယုန်မိစ္ဆာလေးမှာ
ကြင်ယာတော်လေး ဘယ်လိုခေါ်ခေါ်မလိုက် သူ့ကိုသာ အတင်းကုပ်တွယ်ထားရင်း
သခင့်ကြင်ယာလောင်းလေးလက်ထဲ မရောက်ရေး တို့အရေးလုပ်နေတော့
ကြင်ယာတော်လေး ဘယ်လိုခေါ်ခေါ်မလိုက်

ရှောင်းကျန့်မှာလည်း လန်ပေါ်လေးကို အတော်တင်းနေပြီ
အဆောင်ထဲမှာ သေချာလေးတံခါးပိတ်ထားခဲ့တာတောင် ပျောက်သွားတဲ့ လန်ပေါ်လေးကြောင့် သူတောင် အနားမယူဘဲ လိ​ုက်ရှာနေရတာ တဆောင်လုံးကိုနှံ့လို့ နောက်ဆုံး အရှင်လွှတ်ပေးလိုက် အစေခံလေး
အားလျန်ရောက်လာတော့မှ ဝိုင်းကူရှာပေးလို့ အဆောင်နောက်က ပြန်တွေ့တာ
ဒါကို လန်ပေါ်လေးက မသိ ရှောင်းကျန့်ကို ပစ်ပစ်ခါခါဆက်ဆံရက်တယ်
​နောက်မှပေါက်တဲ့ ရွှေကြာပင်ကိုမှ ခင်တွယ်ပြီး အားလျန်လက်ထဲက ဘယ်လိုမှ ပြန်ခေါ်မရ ရှောင်းကျန့်လေး စိတ်ဆိုးချင်လာပြီ
ဒီတစ်ခါ​ထပ်ခေါ်လို့မှမလိုက်ရင်
လန်ပေါ် မင်းနဲ့ငါနဲ့ သေခန်းပြတ်ပဲ

"လန်ပေါ်လေးလာ ပါးပါးဆီ "

သူကိုယ်တိုင် သူ့ကလေးဖြစ်ကြောင်းပြောထားပြီး နာမည်အထိပါပေးတဲ့ သူ့ကို လန်ပေါ်လေးက နည်းနည်းမှ ဂရုမစိုက်
ရှောင်းကျန့်လေး ငိုချင်လာပြီ

"လန်ပေါ် မင်းက အသစ်တွေ့တော့
​အဟောင်မေ့ပီပေါ့ ဟုတ်လား
လာမှာလား မလာဘူးလား "

ကြင်ယာတော်လေးလည်းနောက်ဆုံးတော့ စိတ်ဆိုးလာပီထင် ချော့ခေါ်မရတော့ ခြိမ်းခြောက်နေပီ
အားလျန်လည်း ဝင်မပါလို့ မဖြစ်တော့ပေ

"လန်ပေါ်​ေလးကအိပ်ချင်လို့ ထင်ပါတယ် သခင်လေးရယ် ယုန်လေးတွေက အဲ့လိုပဲ
အိပ်ချင်ရင် ဘယ်သူမှခေါ်မရတော့ဘူး "

"အီးးးဟီးးး 😭😭 အားလျန်က လိမ်တယ် ဟင့် လန်ပေါ်လေးကို ပြန်မပေးချင်တိုင်း အင့်
ပြူးနေတဲ့ လန်ပေါ်လေးကို အိပ်ချင်နေပြီတဲ့"

ဆန်းဆန်းကြီး systemWhere stories live. Discover now