Arc 1.3

18.6K 1.9K 89
                                    

ရှောင်းကျန့်လေးလည်း အိပ်လိုက်စားလိုက်နဲ့ နှစ်ရက်တာ ဖြတ်သန်းပြီးသွားတဲ့နောက်
အချုပ်ဆိုတဲ့ နေရာကြီးကနေလွတ်ပြီး
ဝမ်အရှင်ဆီမှာ ဒုက္ခခံနေရတယ်
ဒီလူက တိုင်းပြည်ရဲ့ ဘုရင်သာဆိုတာ တစ်စက်လေးမှ $ကျင့်ကောင်းတာမဟုတ်ဘူး
ကြင်ယာတော်ဆိုတဲ့အမည်တပ်ပြီး သူခိုင်းချင်ရာ ခိုင်းနေတာ
ခိုင်းစရာနန်းတွင်းသူတွေ ဒီလောက်ပေါနေတဲ့ ကြားထဲက သူ့ကို တမင်ခိုင်းနေမှန်း သိသားပဲ
mission ဆိုတာကြီးသာမရှိရင် သတ်ပစ်မိမလားပဲ
ခုလည်းကြည့်လေ သူ့မိဖုရား နေ​မကောင်းလို့ သွားကြည့်ပေးရမှာကို ကိုယ်လည်းလိုက်ပေးရမယ်တဲ့ ပြီးရင်အဲ့မိဖုရားဝေယျာဝစ္စတွေ ကိုယ့်ကို ခိုင်းအုံးမှာ
အရင်ကြင်ယာတော်လို ဝမ်းနည်းသွားမလားဆိုတဲ့ အတွေးနဲ့ နေမှာပေါ့
ရှောင်းကျန့်တို့ကတော့ ဝမ်းမနည်းပါဘူး အဲ့မိန်းမအတွက် လည်း အလုပ်မလုပ်ပေးနိုင်ဘူး အရှင်ဆိုတဲ့လူအတွက်တောင် မတတ်သာလို​့လုပ်ပေးနေရတာ
ပြီးတော့အဲ့မိဖုရားမက ကြင်ယာတော်ရှောင်းကို သေအောင်ကြံစည်တဲ့ အထဲမှာ ထိပ်ဆုံးက အရှင့်ရဲ့ အချစ်တော်ဆိုတဲ့ မိဖုရားမလေ

"မလိုက်ချင်ဘူးလို့ ပြောနေတယ်နော် "
ဟုတ်တယ် စိတ်ပေါက်ပေါက်နဲ့ အော်မိပြီ
ခုချိန် အရှင့်ရဲ့ အဆောင်ထဲမှာ နှစ်ယောက်တည်း အထိန်းတော်တွေက ဟိ​ုနေမကောင်းတဲ့ မိဖုရားမအတွက် သွားပြင်ဆင်နေကြတယ် လေ

"ကြင်ယာတော်က ကိုယ့်အရှင်ရဲ့ အမိန့်ကို လွန်ဆန်ချင်နေတာလား "

ဒီကြင်ယာတော်လေး စွာလာလွန်းလို့ ဘယ်လိုလုပ်ရပါ့ ဘုရင်ဖြစ်တဲ့ သူ့ကိုတောင်အော်နေတာခနခန
ကိုယ်ကသူ့ကို ပြန်ကြောက်ရမလို
အရင်ဆို တခြားမိဖုရားတွေဆီသွားတိုင်း ကြင်ယာတော်လေးကို ခေါ်သွားတတ်တာ သူဝမ်းနည်းနေတဲ့ မျက်နှာလေးကို မြင်ရင်စိတ်ချမ်းသာလွန်းလို့
အရင်ကဆို အခုလိုပြန်ပြောဖို့ မပြောနဲ့
ပြန်ပြီးမော်ကြည့်ရင်တောင် အပြစ်ပေးမိသည်အထိ ဒီကောင်လေးအပေါ်ရက်စက်ခဲ့တာ
ခုတော့ ပြန်ပြောတာလေးကိုတောင် ချစ်စရာကောင်းတယ်လို့ထင်နေတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ရိုက်သတ်ချင်မိတာအမှန်
​မှတ်မှတ်ရရဆို ဒီကောင်လေးအပေါ်ထင်သလောက်မရက်စက်နိုင်တော့တာ
ဟိုနေ့ကအကျဥ်းထောင်မှာ ဒီကောင်​ေလးရဲ့ မကျေနပ်တဲ့ အကြည့်နဲ့ ခပ်စွာစွာ အသံလေးကိုကြားပြီးကတည်းက
ကောင်းကောင်းတောင်အိပ်မပျော် ဒီအစွာလေးကိုသာ ထပ်ထပ်မြင်ချင်နေတာ အနားမှာပဲ ရှိနေစေချင်တာ
ထူးတော့ ထူးဆန်းသား

ဆန်းဆန်းကြီး systemWhere stories live. Discover now