Arc 4.3

11.9K 1.4K 91
                                    

ချင်းဟွာ စီးပွားရေးတက္ကသိုလ်
အချော​အလှလေးတွေ အတော်ပေါတဲ့ နေရာလို့ သတ်မှတ်ချင်မိတဲ့အထိ
ကျောင်းထဲ ဝင်လာသမျှ မိန်းမငယ်လေးတိုင်းက လှပကျော့ရှင်းနေကြပေမယ့်
ရှောင်းကျန့်လေးကိုတော့ ရင်မခုန်စေ
​ချစ်သူလေးမှမဟုတ်ရင် ဒီနှလုံးသားက မခုန်တတ်ဘူးထင်ပါရဲ့
ရုပ်မမှတ်မိပေမယ့် ကိုယ့်နှလုံးသားကို ယုံကြည်လို့ရသည်
ဘေးကနှစ်ယောက်ဟာဆယ်ယောင်းနဲ့ ဂျီဆော့ဟွန်းကတော့ ဝင်လာထဲက မျက်လုံးတွေ ဘလင်းဘလင်း ဖြစ်နေတာ သရေတမျှားမျှားနဲ့ အရွယ်နဲ့ မလိုက်အောင် ဘူးတဲ့ကောင်တွေ

"ရှေ့လေးဘာလေး ကြည့်လျှောက်ကြပါအုံး
ပစ်လဲကာမှ ဟုတ်ပေ့ ဖြစ်နေအုံးမယ် "

စိတ်မရှည်တဲ့ အဆုံးဝင်ပြောမိသည်အထိ
တော်ကြာ အတူလျှောက်လာတဲ့ ရှောင်းကျန့်လေးကိုပါ နှာဘူးလို့ အထင်မခံနိုင်

တစ်ကျောင်းလုံး ပတ်ချောင်းပြီးနောက် ကန်တင်းဝင်​ပြီး ပြန်ကျမယ်လို့ ဆိုလာတဲ့
ဆယ်ယောင်း
ရှောင်းကျန့်လေး တွေ့ချင်တာက မတွေ့ရသေး ဇာတ်လိုက်မမနဲ့ ဇာတ်လိုက်ကြီးကို တွေ့မလားလို့ လိုက်လာတာ
ခုတော့ ခြေထောက်ညောင်းပြီး ပင်ပန်းတာပဲ အဖက်တင်တယ်

"ယွန်းဆန်း စိတ်မကြည်ဘူးလား မျက်နှာလည်း မကောင်းဘူး သံပုရာရည် သွားယူပေးမယ် "

ကန်တင်းမှာ ဝင်ထိုင်ပြီးပြီး သူ့အရိပ်အကဲကိုကြည့်ကာ ပြောသော ဆော့ဟွန်း
ဒီကောင်လေးတွေ ချွဲယွန်းဆန်းကို ဘာလို့ ဒီလောက်ထိ လိုက်လုပ််ပေးနေရတာလဲ စဥ်းစားလို့မရ အမှန်ဆို ရွယ်တူ သူငယ်ချင်းတွေပဲ ​အဲ့လောက်ထိမလိုပါဘူး
အားနာစရာကောင်းအောင်

"ရတယ်ဆော့ဟွန်း ကိုယ့်ဘာသာပဲ
သွားယူလိုက်မယ် "

ကိုယ်တိုင်ထသွားတဲ့ ယွန်းဆန်းကို ကြည့်ပြီး ဆယ်ယောင်းနဲ့ ဆော့ဟွန်း တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ပါတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်သည် သူတို့ရဲ့ ခေါင်းဆောင်က သိသိသာသာကို ပြောင်းလဲနေတာ
အပြင်အဆင် အပြောအဆိုကစလို့
အကျင့်တွေပါပြောင်းလဲကုန်ပြီ

ရှောင်းကျန့်က စိတ်​ထားကောင်းသူဖြစ်တာကြောင့် သူငယ်ချင်းတွေအတွက်ပါမှာပေးနေတာမို့ ခနတော့ စောင့်နေရတယ်
ဒါပေမယ့် အချိန်ကို အသုံးချတတ်သူ ပီပီ
ခေါင်းကတော့ အငြိမ်မနေ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့ တစ်ယောက်ယောက်ကိုရှာနေမိသည်
တခြားလူတော့မဟုတ် ဇာတ်လိုက် ယူဂျယ်မင်းကို များတွေ့မလားလို့
ပြီး​မှသတိရတာက သူမှ ယူဂျယ်မင်းကို မမြင်ဘူး​တာ တွေ့လည်း သိလိုက်မှာမဟုတ်

ဆန်းဆန်းကြီး systemWhere stories live. Discover now