Arc 3.1

16.6K 1.5K 74
                                    

ပထမကမ္ဘာမှာ အရှင့်ကို ချစ်မိမှာဆိုးလို့
ရှောင်ပြေးတဲ့ ရှောင်းကျန့်လေးက
ဒုတိယကမ္ဘာမှာတော့ ဟွေ့လူကြီးရဲ့ စိတ်ကြိုက်နမ်းရင်း ချစ်ကြောင်းဖွင့်ဟ ဝန်ခံချက်မှာ ရှောင်ပြေးဖို့မကြိုးစားမိတော့ဘူး သူလည်းပဲ ဒီလူကြီးကို ချစ်တယ်
သေချာတဲ့ အကြောင်းပြချက်ကတော့
လူကြီးကို ကျဲနဲ့ အထင်လွဲတဲ့ အချိန်ပဲ
နှလုံးသားလေးတစ်ခုလုံးကို ဓားနဲ့မွှန်းနေသလိုပဲ အရမ်းကိုနာကြင်ခဲ့ရတာ
ဘယ်လိုပဲ မချစ်မိအောင် ထိန်းနေပါစေ
ဟွေ့လန်ဆိုတဲ့ အမည်နာမ အရှင်ဝမ်ရိပေါ်ကို
ရှောင်းကျန့်လေး ချစ်တယ်

system ရဲ့ Happy Ending ဆိုတာကြီးက
ရှောင်းကျန့်လေးကို ပျော်ရွှင်စေတယ်
ဒီကမ္ဘာမှာ လူကြီးနဲ့ လက်ထပ်ပေါင်းသင်းပြီး
ယောက်ျားယူတာ အရမ်းဆိုးတဲ့ ကိစ္စမဟုတ်ဘူးဆိုတာသိလာတယ်
လူကြ​ီးက ရှောင်းကျန့်လေးကိ​ု သိပ်ဂရုစိုက်ပြီး သိပ်အလိုလိုက်တာကြောင့် ရှောင်းကျန့်လေးရဲ့ နှလုံးသားဟာ လူကြီးအပေါ် လုံးဝပျော်​ဝင်နေပြီ
ချစ်စရာ သားသမီး ရတနာလေး မရပေမယ့် လူကြီးက ဖောက်ပြန်တာမျိုးလုံးဝမရှိ ရှောင်းကျန့်လေးတစ်ယောက်သာ သူ့ကမ္ဘာလို့ သတ်မှတ်ထားခြင်း
သို့​ပေမယ့် ဒီကမ္ဘာမှာလည်း ​အဆုံးသတ်ဆိုတာရှိတယ်
လူကြီးနဲ့ ရှောင်းကျန့်လေးရဲ့ အိမ်ထောင်သက် ၂၉နှစ်မှာပဲ လူကြီးက ဒီကမ္ဘာက အရင် ထွက်သွားခဲ့တယ်
ဒါဆိုရှောင်းကျန့်လေး လုပ်စရာကလည်း တစ်ခုပဲရှိတော့တယ်
နောက်ကမ္ဘာမှာ လူကြီးကိုဆုံတွေ့ခွင့်ရပါစေ လို့ ဆုတောင်းပြီးတဲ့နောက်
အချိန်အတော်ကြာ​ခေါ်ဖို့မေ့နေခဲ့တဲ့ အမည်နာမလေးကို ပြန်ခေါ်ဖို့ ဖြစ်လာပြီ

*Xiao Paing ရေ ကမ္ဘာပြောင်းမယ်*

*ဝှားးး ခုမှပဲ နှိုးတော့တယ် hostရယ်ပြောင်းဖို့အသင့်ဖြစ်ပြီလား *

*နေဦး Xiao Paing နောက်ကမ္ဘာမှာရော
သူရှိမှာလား *

*ရောက်ရင် သိမှာပေါ့ hostရဲ့ အစောကတော​့ ယောက်ျားမယူချင်ဘူးဆိုပြီး*

ပြောခွင့်ရတုန်း အပီပြောနေသော system ရယ်ပါ

*သိချင်ယုံပါ Xiao Paing
ပြောင်းလိုက်တော့ အဆင်သင့်ဖြစ်ပြီ *

ဆန်းဆန်းကြီး systemWhere stories live. Discover now