Arc 6.11

5.2K 724 14
                                    

Protector အမည်ရှိ အဆောက်အအုံကြီးထဲသို့ မအူမလည် မျက်နှာလေးတွေ ရောက်လာကြသူနှစ်ယောက်
Peterနဲ့ ရှောင်းကျန့်
ရှေ့မှာ စိတ်ဆိုးခဲ့ကြတာတွေတောင် ဂရုမစိုက်နိုင်တော့
အလုပ်ကိုယ်စီလုပ်ဆောင်နေကြတဲ့
မရင်နှီးသော လူစိမ်းများကြား
နှစ်ယောက်လုံး မယောင်မလည်သာ
လှုပ်လီလှုပ်လဲ့ မဝံ့မရဲ လျှောက်နေကြတဲ့ သူတို့နှစ်ယောက်က အများအမြင်မှာတော့ သေချာပေါက်ထူးဆန်းနေမှာ
နောက်ဆုံး ဆက်ကြည့်လို့အဆင်မပြေ၍ထင်
သူတို့နှစ်ယောက်ဆီ တည့်တည့်လာနေသူတစ်ယောက်
အခက်တွေ့စေမှာလား ကူညီမှာလားဆိုတာကတော့ မကြာတော့တဲ့ အချိန်အတွင်း သိရတော့မှာ

"ဆေးဝယ်ချင်တာလား
ဘယ်လိုအမျိုးအစားလိုချင်လဲ
ကျနော် ကူညီပေးနိုင်ပါတယ် "

သာမန်အလုပ်သမားတစ်ယောက်က ထိ​ုသို့မေးလာတော့
မင်းတို့ သူဌေးအကြောင်း စုံစမ်းချင်လို့ ရောက်လာခြင်းဖြစ်ကြောင်း ပြောပြဖို့ မတတ်နိုင်ရာ ရှောင်းကျန့်ခေါင်းလေး အလုပ်ပေးရတော့သည်

"ကျနော်တို့က Tonterဆေးလုပ်ငန်းစုကပါ
ဒီက သူဌေးနဲ့ ဆွေးနွေးစရာလေးရှိလို့
တွေ့ခွင့်ရနိုင်မလား "

"Tonterကပဲလား"

"ဗျာ"

"ဟိုမယ် မင်းတို့သူဌေးလေ
အလုပ်ချိန်မှာ ကလေးကြီးတကားကားနဲ့
အဆူခံထိလိမ့်မယ်ထင်တယ် "

ထိုဝန်ထမ်းမေးငေါ့ပြရာ လှမ်းကြည့်လိုက်တော့ လူတစ်ယောက်နဲ့ စကားတပြောပြောထွက်လာတဲ့ Ton
ရှောင်းကျန့်မှတ်ထားတာ မမှားဘူးဆို
အဲ့လူက မူလPlantရဲ့မှတ်ဉာဏ်ထဲက Jollyပဲ
အရေးကြီးတဲ့ မျက်နှာမို့ ထင်ထင်ရှားရှားကို မှတ်မိနေတာ
ဒါဆို ဘာလို့လဲ
Tonက ဒီလူယုတ်မာနဲ့ သိနေကြတာလား

"ဒီမှာ ခင်ဗျား စကားပြော ဆင်ခြင်
ကလေးကြီး တကားကားလို့ ပြောရအောင် ကျနော်တို့က သားအဖတော်စပ်မှုမှ မဟုတ်တာ ဘယ်လိုတောင် မသင့်လျော်တဲ့ စကားလဲ "

ရှောင်းကျန့် Tonနဲ့ Jollyအကြောင်းစဥ်းစားရင်းခေါင်းရှုပ်နေစဥ် ဘေးမှ အသံစူးစူးလေးထွက်လာတာကြောင့် ပြုံးလိုက်မိတယ်
လက်တောက်လောက်လေးက ရန်ဆောင်နေလိုက်တာ
ဘာမှမဟုတ်တဲ့ အသေးအမွှားတောင် လက်မခံနိုင်ဘူးလား
စောက်ကလေးလေး ချစ်ဖို့ကောင်းနေရော

ဆန်းဆန်းကြီး systemWhere stories live. Discover now