Arc 1.1

25.4K 2.1K 124
                                    

"ကြီးကျယ်လှတဲ့ system က
ကြင်ယာတော်ဖြစ်ပြီး ဒီလို စုတ်ပြတ်နေတဲ့ အခန်းထဲ ရောက်နေရတဲ့ အကြောင်းလေးကို ရှင်းပြပါအုံး "

ဟုတ်သားပဲ hostကို ငမ်းနေတာနဲ့ပဲ
ဇာတ်ကြောင်းရှင်းပြဖို့နဲ့ mission အကြောင်း​ပြောဖို့ မေ့နေလိုက်တာ
hostက အရမ်းချောပြီး ဆွဲဆောင်မှုရှိတော့ ငမ်းနေရတဲ့ Xiao Paing လေးအမှားမဟုတ်ဘူး
ဖရိုဖရဲလေးတောင် သိပ်ချစ်ဖို့ကောင်းနေတာ
host က

"ဒီလို host ရဲ့ ကြင်ယာတော်​က အရှင့်ရဲ့ အချစ်တော်လေးကို ပါးသွားရိုက်တာ
အရှင်က မြင်ပြီး အချုပ်ခန်းထဲရောက်နေတာ "

"ဟမ် "
system ရဲ့ အပြောကို မျက်လုံးပြူးပြူးလေးနဲ့ လိုက်ကြည့်နေတဲ့ host က ခုမှ ရှေ့က သံတိုင်တွေကို မြင်တာနေမယ်
ဒီhostကို အသည်းယားလာ​ပါပီ mission တွေတောင်မခိုင်းချင်တော့​ဘူး

"ကြင်ယာတော်က ဘာလို့ သွားရိုက်ရတာလဲ ကိုယ်သေတွင်း ကိုယ်တူးနေတာလား "

"host ရယ် ရှင်းပြတာလေးအရင် နားထောင်ပါအုံး စိတ်ကြည့်ပဲ ဇာတ်ကြောင်းပြောပြမို့ပါဆို "

"Ok Ok ပြန်မမေးတော့ဘူး အရင်ပြောပြ"

"ဒီလိုပါ host က ကြင်​ယာတော်ရှောင်းရဲ့ ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာပါ
ဒီနိုင်ငံရဲ့ ရေမြေ့သခင်က အရှင် ဝမ်ရိပေါ်တဲ့
ကြင်ယာတော်ရှောင်းက ဝမ်အရှင်ကိုယ်တိုင်တော်ကောက်ထားတာပါ
ဒါပေမယ့် ချစ်လို့တော့မဟုတ်ဘူး အထင်လွဲမှားမှုတစ်ချို့ကြောင့်ပါ
​ဝမ်အရှင်က ခမည်းတော်ရဲ့ သေဆုံးမှုကို သမားတော်ကြီးကြောင့်လို့ ထင်ပြီး သမားတော်ကြီးကို မုန်းနေခဲ့တာ သက်သေမရှိလို့ သာ ဘာမှမလုပ်နိုင်တဲ့အဆုံး
သမားတော်ကြီးရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ ရှောင်းကျန့်ကို ကြင်ယာတော်အဖြစ်
ယူခဲ့ပြီး အမျိုးနှိမ့်ချ လျစ်လျူရှုခဲ့တာ
တခြားကြင်ယာတော်တွေ ကိုယ်လုပ်တော်တွေနဲ့ ပြသနာဖြစ်တိုင်းလည်း
​ကြင်ယာတော်ရှောင်းကိုပဲ အပြစ်ပေးခဲ့တာ
ခုလည်းအဲ့လိုပဲ ဝမ်မိဖုရားနဲ့ ကြင်ယာတော်ရှောင်း ပြသနာမှာလည်း ဝမ်မိဖုရားမှားမှန်းသိသိကြီးနဲ့ကို ကြင်ယာတော်ရှောင်းကို အပြစ်ပေးလိုက်တာ
ဒါကထုံးစံပဲ ဒါကြောင့် နန်းတွင်းထဲမှာ ကြင်ယာတော် ရှောင်းကို လေးစားတဲ့သူရော အလေးပေးတဲ့သူရော တစ်ယောက်မှမရှိဘူး
ဒါပေမယ့် ​ဘယ်လောက်ပဲ အရှင်က ပစ်ပယ်ထားတယ်ပြောပြော မိန်းကလေးရှုံးအောင်လှတဲ့ ကြင်ယာတော်ရှောင်းကို မိဖုရားတွေ ကြင်ယာတော်တွေက မနာလိုဖြစ်ပြီး အမျိုးမျိုးနှိပ်စက်​တဲ့အပြင် နောက်ဆုံး လုပ်ကြံပြီး အသက်သေဆုံးတဲ့အထိပဲ
ဒါကြောင့် ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင် ကြင်ယာတော်ရှောင်းက
အရှင့်ရဲ့ အချစ်ခံလေးဖြစ်ပြီး တခြားမိဖုရားတွေနဲ့ ကြင်ယာတော်တွေကို လက်စားချေဖို့ ဆန္ဒရှိခဲ့တာ
mission က ဒါပဲ လွယ်တယ်မလား host "

ဆန်းဆန်းကြီး systemWhere stories live. Discover now