Arc 5.15

6.3K 792 10
                                    

"ရှန့်....ကိုယ် ဆန်ပြုတ်နဲ့ အကိုက်ခဲပျောက်ဆေး သွားဝယ်လာတယ် "

နိုးတဲ့အချိန်ကတည်းက တစ်ချိန်လုံး မျက်နှာလေး ရှုံ့မဲ့ပြီး ကုတင်ပေါ်က မထနိုင်တဲ့ အချစ်ကလေးနား ကပ်ထိုင်ပြီး Gumတစ်ယောက် မျက်နှာလုပ်နေရသည်
မလုပ်လို့လဲ မရတဲ့အခြေအနေ
သဝန်တိုကောင်းမှု အကြောင်းပြုပြီး သူ့ဘက်က အချစ်လွန်မိလိုက်သည်မလား

"ဟွန့် "

ချော့ခြင်းအမှုကတော့ အားရစရာ ရှန့်က
သူ့ကို မျက်စောင်းကြီး ခဲထားပြီး
နှာတစ်ချက်မှုတ်ကာ မျက်နှာလွှဲလိုက်သည်လေ

"ရှန့်... ငါးဆန်ပြုတ်လေး ဝယ်လာတာ
နည်းနည်းဖြစ်ဖြစ် သောက်လိုက်ပါအုံးနော် ဒီနေ့တစ်နေ့လုံး ဘာမှစားမဝင်ရသေးဘူးမလား "

ရောက်လာပြန်ပြီ နောက်ထပ်မျက်စောင်းကြီးကြီးတစ်ခု
စိတ်ဆိုးလို့ရပေမယ့် ဘာမှ မစားရင် သူလေးပဲ ထိခိုက်မှာလေ
သူလေးစားမကောင်းမှာဆိုးလို့ တမင်ငါးဆန်ပြုတ်လေးဝယ်လာတဲ့ဟာကို

"မကြိုက်လို့လား ဗိုက်မဆာသေးလို့လား ရှန့်"

"ဗိုက်ဆာတယ် ငါးမစားချင်ဘူး "

ရှန့်က ငိုမဲ့မဲ့လေးပြောတော့မှ သတိရတယ်
ဟုတ်သား ကိုယ့်အချစ်တုံးလေးက ငါးမျိုးနွယ်လေးဆိုတာ
Gummmရာ အရေးကြီးတာကို မေ့နေရလား
တော်သေးတာပေါ့ နောင်လည်း လိုလိုမယ်မယ်ဆိုပြီး Knorr ဆန်ပြုတ်ထုပ်လေးတွေ ဝယ်လာလို့

"ရှန့် ခနလေးစောင့် ကိုယ် ဆန်ပြုတ် အသစ်ဖန်တီးလိုက်မယ် "

"မြန်မြန်သွား"

ဒီလိုပဲ ရှောင်းကျန့်ရဲ့ စ်ိတ်ဆိုးမှုတွေဟာလည်း Gumရဲ့ ဆန်ပြုတ်တိုက်ကျွေး ကိုယ့်အချစ်လေးဆိုတဲ့ အစီအစဥ်အောက်
ခနတာ ကွယ်ပျောက်သွားရ​ပြန်တယ်

.....

"ကိုယ့်ကိုယ် စိတ်ဆိုးပြေပြီလား "

ခွံ့ကျွေးသမျှ ဆန်ပြုတ်ကို ကျေကျေနပ်နပ်ကြီးစားပေးနေတာကြောင့်
စိတ်ကောင်းဝင်ပြီ အထင်နဲ့ မေးလိုက်တော့
ရှေ့သွားကြီးကြီးနှစ်ချောင်းကို ထုတ်ပြပြီး
ခွင့်မလွှတ်သေးကြောင်း ပြလေရဲ့ အဲ့လိုပဲ
နိုးကတည်းက အပြုအမူတွေနဲ့သာ တုံ့ပြန်ပြီး
စကားဆိုလို့ဗိုက်ဆာကြောင်း တစ်ခွန်းပဲပြောသေးတာ
ကိုယ့်ဘက်ကလည်း ပေးတဲ့ အခွင့်အရေးကို အပြည့်အဝယူပစ်မိတာကိုးးးး

ဆန်းဆန်းကြီး systemWhere stories live. Discover now