Arc 4.12

9.2K 1.1K 149
                                    

​ရှောင်းကျန့်လေးဘဝကြီးက သာယာသွားပြီလို့ ပြောလို့ရတယ်
ချစ်ရတဲ့ ရိပေါ်ကို ပြန်​ေတွ့တဲ့ အပြင် အခုချစ်သူတွေပါ ဖြစ်နေ​ကြပြီ
ရိပေါ်တစ်ဖြစ်လည်း အကိုဆူမင်ကရှောင်းကျန့်လေးကို အရမ်းဂရုစိုက်တယ်
ဆိုးသမျှသည်းခံပေးပြီး နည်းနည်းလေးတောင် မငြိုငြင်ဘူး
ရှောင်းကျန့်လေး ဆန္ဒအတိုင်း အကုန်လိုက်လုပ်ပေးတယ်
Dateမယ်ဆိုရင်လည်း အလုပ်ဘယ်လောက်အရေးကြီးကြီး ဖျက်ပစ်လိုက်ပြီး ရှောင်းကျန့်လေးကို သာဦးစားပေးတဲ့သူ
ညပိုင်းတွေဆို အရမ်းလွမ်းတယ် ကိုကို လို့ပဲ ရှိသေး အိမ်ရှေ့ရောက်လာပြီ
ဒီလောက်ချစ်ဖို့ ကောင်းတဲ့ ကိုကို ကို ရှောင်းကျန့်လေးကလည်း မချစ်ဘဲ နေပါ့မလား
တစ်ခါတစ်လေဆို မဟုတ်တာတွေ တွေးပြီးလောဘကြီးလာတတ်သေးတာ
ကိုကိုသာ ဒီကလေးပိစိကို မဟုတ်ဘဲ
တခြားသူကို အဲ့လို ဂရုစိုက်ပေးရင် ဘယ်လိုလုပ်မလဲ ​ဆိုတဲ့ မဟုတ်ကဟုတ်က အတွေးတွေနဲ့ပေါ့
ဒါပေမယ့်လည်း အဲ့အတွေးတွေက ကိုကိုနဲ့ အတူရှိချိန်ဆို ဝင်မလာတတ်ပါဘူး
ဘာလို့ဆို ကိုကို ဆူမင်က ချွဲယွန်းဆန်းဆိုတဲ့ ကလေးပိစိ လေးကိုပဲ သည်းသည်းလှုပ်ချစ်တာလေ
အပြင်မှာ dateတိုင်း ကလေးပိစိကို သူများတွေကြည့်မှာဆိုးလို့ ဆိုပြီး
သူ့Long coatကြီးနဲ့ အမြဲ လိုက်ကာနေရ​တာ အမော
အမှန်တော့ အပြင်သွားတိုင်း အစစ်မတွေ လိုက်ငမ်းနေတာ ချောမောခန့်ညားပြီး smartကျတဲ့ ကိုကို့ ကို ဆိုတာ
မသိရှာပါဘူး
ပိုင်ရှင်ရှိမှန်းသိအောင် အစစ်မတွေရှေ့ရောက်တိုင်း အာဘွားတောင်းတဲ့ ရှောင်းကျန့်လေးကြောင့်ဖြစ်မယ်
ကိုကိုဆူမင် ကိုယ်တိုင်ကလည်း
ကိုယ့်တစ်ယောက်တည်းအပေါ် အာရုံ ရှိတာကြောင့်လည်းပါတယ်

ပြီးတော့ ရှောင်းကျန့်လေး ဒီရက်ပိုင်း ပျော်ရွှင်နေရတဲ့ အကြောင်းနောက်တစ်ခုက
ယူဂျယ်အင် ပေါ်မလာတာ ကြောင့်ပေါ့
အရင်လိုတကောက်ကောက်မလိုက်တော့ပဲ
တစ်ပတ်တစ်ခါလောက်သာ မျက်နှာ မြင်ရတယ် ပြီးတော့ သံသယ ဖြစ်စရာ စကားတွေလည်းပြောသေးတာ

"ခဏလောက်တော့ ယွန်းဆန်းစိတ် ကြိုက် ပျော်ပျော်နေထား ပေါ့ "တဲ့
ယူဂျယ်အင်ကို သတိကြီးကြီးထားနေတဲ့ ရှောင်းကျန့် အတွက် ဒီစကားမှာ အန္တရာယ် အငွေ့အသက် ပါနေမှန်း သိတယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now