Arc 6.2

7.6K 845 38
                                    

အပင်ဘဝရောက်နေလို့ စိတ်ညစ်နေတဲ့ ရှောင်းကျန့်လေးကို
ထပ်လောင်းစိတ်ဆင်းရဲစေတာကတော့
ရောက်လာကတည်းက ဘလစ်ဆန်နေတဲ့
ကလေးငယ်ပါပဲ
သူ့ကို စကားပြောဖို့သာ တတွတ်တွတ်တောင်းဆိုနေတဲ့ ကလေးပေါက်စ
"ပိစိလေး ကိုကြီးပေးထားတဲ့ နာမည်ကိုကြိုက်ရဲ့လား တစ်ခုခုပြန်ပြောပါအုံး "
ဆိုတာက ပါသေး
ရှောင်းကျန့်ရဲ့ ဘယ်ရောက်နေမှန်းမသိတဲ့ နားတွေတောင် အူလာပါ​ပြီ
ကလေးတွေ ဂျီကျနေသလိုမျိုးပဲ
ဒါတောင်ကလေးပေါက်စက သူ့ကိုယ်သူ ကိုကြီးဆိုပြီး သုံးနှုန်းနေသေးတာ
လှုပ်မရလို့ မဟုတ်ရင် ဒီကလေးကို ရှောင်းကျန့် ထုလိုက်တာ ကြာပြီ

"ဦးငယ် ပိစိက အေးဆေးသမားဖြစ်မယ်
စကားမပြောတတ်သေးတာ မဟုတ်ပဲ
မလိုအပ်လို့ ​မပြောသေးတာနေမယ်နော် "

တစ်လျှောက်လုံးတောင်းဆိုတာတောင် အသံမထွက်လာတဲ့ အပင်လေးကြောင့်
ကလေးငယ်ဟာ စိတ်ဓာတ်ကျချင်နေပြီ ဖြစ်တာကြောင့် လူရွယ်ကို ပြောပြသလိုနဲ့
သူ့ကိုယ်သူအားပေးနေပြန်သည်
သို့ပေမယ့် လူရွယ်ကတော့ မထောက်ခံ

"မဖြစ်နိုင်ဘူး အစောကတောင် ပြဲလန်နေအောင် အော်ငို​နေသေးတာ
အေးဆေးသမားလုံးဝ မဖြစ်နိုင်ဘူး
နောက်ပြီး ဦးငယ် ကို  သား က ယုံရမယ်
ပိစိ ဒီနေ့ စကားပြောကို ပြောတတ်နေပြီ "

လူရွယ်ရဲ့ စကားက နှစ်​ယောက်လုံးအပေါ်သက်ရောက်မှုရှိသည်
ကလေးငယ်ကို စိတ်ပျော်စေပြီး
ရှောင်း​ကျန့်ကို ဆွပေးရာရောက်သည်
ပြဲလန်အောင်အော်ငိုနေတယ်ဆိုတဲ့ စ​ကားက ရှောင်းကျန့်သိက္ခါနဲ့ သက်ဆိုင်သွားပြီ
လူနဲ့တူတာ တစ်ယောက်မှ မတွေ့လို့ အော်ငိုခဲ့မိတာပါ
သူများခံစားချက်ကို မသိပဲ ဒါသက်သက် စော်ကားတာ
ဒီလူ ရှောင်းကျန်နဲ့ ဖိုက်ချင်နေတာလားပဲ

"ဒီမှာ လူသား စကားကို ​ကြည့်ပြောပါ "

အပင်သေးသေးမှ ပြတ်ပြတ်သားသားထွက်ပေါ်လာတဲ့ အသံလေးဟာ ရန်စကားဆိုပေမယ့်
လူရွယ်ရဲ့ မျက်နှာပေါ် ကျေနပ်ခြင်းသ​င်ကေတ များ ဖြစ်ပေါ်လာစေပြီး ကလေးငယ်အား
ခုန်ပေါက် ပျော်ရွှင်စေသည်

ဆန်းဆန်းကြီး systemWhere stories live. Discover now